အာရှပစိဖိတ်ဆိုင်ရာဆုဖြစ်တဲ့ လူမှုတရားမျှတမှုသူရဲကောင်းဆုကို လက်ခံရရှိခဲ့တဲ့ မြန်မာနိုင်ငံက CDM လုပ်ဆောင်သူဆရာဝန်နှစ်ဦး

//s9.kh1.co/69/69e8c57136cdf7acbcc88383e03fdec6fa830ddf.jpg
နေ့စဉ်သတင်းများ

 ၂၇-နို-၂၀၂၁ ၂pm · လွန်ခဲ့သော ၂ နှစ် က

မြန်မာနိုင်ငံရှိ CDM လုပ်ဆောင်သူဆရာဝန်နှစ်ဦးဟာ.... (အပြည့်အစုံဖတ်ရန် ပုံ ကိုနှိပ်ပါ)

အာရှပစိဖိတ်ဒေသဆိုင်ရာဆုတစ်ဆုဖြစ်တဲ့ လူမှုတရားမျှတမှုသူရဲကောင်းဆု ( Social Justice Hero Award ) ကို နိုင်ငံတကာမှာ ရရှိလိုသူတွေအင်မတန်များပြားတဲ့အထဲကမှ မြန်မာနိုင်ငံက လက်ခံရရှိသွားခဲ့ပြီဖြစ်ပါတယ်။ဒီဆုကို ရရှိသွားတဲ့ သူတွေကတော့ CDM လုပ်ထားခဲ့ကြကာ တိုက်ပွဲဝင်နေကြတဲ့ ဒေါက်တာပြည့်ဖြိုးကျော် နှင့် ဒေါက်တာရွှေရိုး အမည်ရှိ ပြည်သူ့ဆရာဝန်နှစ်ဦး ပဲဖြစ်ပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader

ထိုဆရာဝန်နှစ်ဦးဟာ လက်ရှိမှာတော့ သူတို့တတ်ကျွမ်းထားကြတဲ့ ပညာနဲ့ ဝေးလံခေါင်ဖျားတဲ့အရပ်ဒေသမှာရှိတဲ့ စစ်ဘေးရှောင်ပြည်သူတွေနဲ့အတူ ဒုက္ခခံကာ ပြည်သူများကို တာဝန်ယူဆေးကုသပေးနေကြတာဖြစ်ပါတယ်။သူတို့နှစ်ဦးလုံးရဲ့ လုပ်ဆောင်မှုတွေဟာ အကျိုးရယူလိုစိတ်လုံးဝမရှိပဲ အင်မတန် ကြိုးစားဆောင်ရွက်နေတာကြောင့် ဒီဆုကိုရရှိခဲ့တာဖြစ်ပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader

ထိုဆရာဝန်နှစ်ဦးအနေနဲ့လည်း ဆုကို Online မှတဆင့် လက်ခံရယူခဲ့ပြီး ကျေးဇူးတင်စကားကိုလည်း လွတ်မြောက်နယ်မြေရှိ သက်ကယ်တောထဲမှ ပြောဆိုခဲ့ရတာဖြစ်ပါတယ်။သူတို့အနေနဲ့လည်း ဒီဆုကိုရရှိခဲ့တာဟာ သူတို့ရှေ့ဆက်လုပ်ဆောင်ရမယ့် ကိစ္စတွေမှာ တကယ်ကို အင်အားအကြီးမားဆုံးဖြစ်စေခဲ့ပါတယ်လို့လည်းဆိုပါတယ်။ဒါ့အပြင် သူတို့ဟာ လက်ရှိမှာ မြန်မာပြည်သူတွေအနေနဲ့ကြုံတွေ့နေရတဲ့ပြဿနာတွေကို ပြောပြခွင့်ရတဲ့အတွက် အလွန်ဝမ်းမြောက်ကြောင်းပြောကြားခဲ့ပါသေးတယ်။ဆုလက်ခံရရှိခဲ့တဲ့ ဗီဒီယို အစအဆုံးကိုလည်း ပရိတ်သတ်တွေကြည့်ရှုနိုင်အောင်ဖော်ပြပေးလိုက်ရပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Thandar Aung
Thandar Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T