လှိုင်စျေးကိုရောက်ဖြစ်ရင် အဘွားစီက ခြေသုတ်ခုံလေးသွားဝယ်ကြပါလို့ တိုက်တွန်းလိုက်တဲ့ ပြည်သူတစ်ဦး

//s9.kh1.co/7a/7a344d8093040bafc5c4ccd573b05ea3d255062b.jpeg
နေ့စဉ်သတင်းများ

 ၂၇-နို-၂၀၂၁ ၃pm · လွန်ခဲ့သော ၂ နှစ် က

အဘွားအိုကလည်း အဆုတ်မှာအနာဖြစ်နေလို့ နေ့တိုင်း.....

အခုလို ခေတ်ကာလတွေမကောင်းဘဲ စီးပွားရေးတွေ ကျဆင်းနေတဲ့အချိန်မှာ တစ်နေ့လုပ်မှ တစ်နေ့စားရတဲ့အခြေခံလက်လုပ်လက်စားတွေအဖို့ စားဝတ်နေရေးပြဿနာကိုတောင် အနိုင်နိုင်ရင်ဆိုင်ဖြေရှင်းနေရပါတယ်။ အခုအလိုအခြေအနေမှာ ဝမ်းစာအတွက် ရုန်းကန်ရှာဖွေနေရတဲ့ အသက်ကြီးရွယ်အိုတွေဟာလည်း  အခက်အခဲတွေကြုံတွေ့နေရပါတယ်။ အခုလည်း စေတနာရှင် ပြည်သူတစ်ယောက်က လှိုင်ဈေးမှာ ခြေသုတ်ခုံရောင်းနေတဲ့အဘွားအိုကို တွေ့ရင်အားပေးဖို့ အကူအညီတောင်းထားတာပဲ ဖြစ်ပါတယ်။ 

https://s9.kh1.co/__image/w=650,h=806,q=100/53/53b2f0c19665a2041ca8c33808c736544a706f30.jpeg

သာမန်အားဖြင့် သက်ကြီးရွယ်အိုးတွေက ဘဝကို အေးချမ်းစွာဖြင့် ဖြတ်သန်းကာ အနားယူရင်း အေးချမ်းစွာနေထိုင်ရမည့်အချိန်ဖြစ်ပေမယ့်လူတွေရဲ့  ဘဝဆင်းရဲမှုတွေဟာ ရင်နာစရာကောင်းလှပြီး အလွန်နှင့်မလိုက်အောင် ကြိုးစားနေခဲ့ရတာဖြစ်ပါတယ်။အခုအဘွားအိုကလည်း အဆုတ်မှာအနာဖြစ်နေလို့ နေ့တိုင်းဆေးထိုးနေရတာဖြစ်ပြီး ဆေးထိုးမှနေရထိုင်ရကောင်းတာဖြစ်ပါတယ်။ 

https://s9.kh1.co/__image/w=650,h=867,q=100/4a/4a0e6c2acfe7ed350eb9167f7d77d3844fcf10e9.jpeg

ဒီအဘွားကိုကူညီပေးဖို့ ပြည်သူတစ်ဦးက " ကျွန်တော် ခြေသုတ်ခုံလေးရောင်းပေးချင်လို့ပါ တစ်ခုမှ၅၀၀တည်းပါလှိုင်မြို့နယ်ဆိုကျွန်တော်freeလိုက်ပို့ပေးပါ့မယ် ... ဒီနေ့လှိုင်စျေးကြီးသွားရင်းနဲ့ ဟိုတစ်နေ့ကအကိုတစ်ယောက်သွားလှူတဲ့အဘွားတစ်ယောက်ကိုတွေ့လို့ ကျနော်၁ခုဝယ်လာပါသေးတယ်

အဘွားကအဆုတ်မှာအနာဖြစ်နေလို့နေ့တိုင်းဆေးထိုးနေရတာပါဆေးထိုးမှနေရထိုင်ရကောင်းတာပါတဲ့အဲ့အဘွားရောင်းတဲ့ခြေသုတ်ခုံလေးကိုကျနော်ကပြန်ရောင်းပေးချင်လို့ပါ(အဘွားကရောင်းခိုင်းတာမဟုပါဘူး)ကျနော့ဘာသာရောင်းပေးတာပါ တစ်ခုကို၅၀၀တည်းပါ 500နဲ့တော်တော်တန်ပါတယ်အကြီးကြီးပါ

https://s9.kh1.co/__image/w=650,h=488,q=100/b5/b53122291a671e155503c86ab2327886181fab7f.jpeg
https://s9.kh1.co/__image/w=650,h=490,q=100/da/da56a56fb612d6b1cf0cb53334a30b36374d8b6b.jpeg

လှိုင်စျေးကိုရောက်ဖြစ်ရင်အဲ့အဘွားစီကခြေသုတ်ခုံလေးသွားဝယ်ကြပါနော် စျေးနဲ့နည်းနည်းလှမ်းတော့သိပ်မရောင်းရဘူးထင်တယ်?

လိုချင်တယ်ဆိုရင်ကျနော်သွားဝယ်ပေးပါ့မယ် လှိုင်မြို့နယ်ဆိုကျနော် freeလိုက်ပို့ပေးပါ့မယ် တစ်ခြားလှူချင်တယ်ဆိုလဲကျနော်သွားလှူပေးပါ့မယ်.. ကျနော်လဲအများကြီးမလှူနိုင်ပေမဲ့ တစ်ဖက်တစ်လမ်းကနေအဘွားရောင်းရအောင် ကျနော်ရောင်းပေးတာပါ ... လိုချင်ရင်cbကိုလာခဲ့ပေးပါနော်" ဆိုပြီး သူရဲ့ လူမှုကွန်ယက်ပေါ်မှာရေးသားထားတာပဲ ဖြစ်ပါတယ်။ 

Photo Credit & Source: Khant Min Thant’s Facebook Acc

Cherry Nwe Oo
Cherry

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T