ရန်ကုန် - ကျုံးမငေး ခရီးသည်တင်ယာဉ်တိမ်းမှောက်မှုကြောင့် ခရီးသည် ၁၀ ဦးထက်မနည်း ဒဏ်ရာရ

//s9.kh1.co/d2/d205491814219a63a259da3816ba9bee5bf50608.jpg
နေ့စဉ်သတင်းများ

 ၂၉-နို-၂၀၂၁ ၁၀am · လွန်ခဲ့သော ၂ နှစ် က

ရန်ကုန် - ကျုံးမငေး ခရီးသည်တင်ယာဉ်တိမ်းမှောက်မှုကြောင့် ခရီးသည် ၁၀ ဦးထက်မနည်း ဒဏ်ရာရ

ယမန်နေ့နိုဝင်ဘာလ ၂၈ ရက်နေ့မနက်ပိုင်းက ရန်ကုန် - ကျုံးမငေး ခရီးသည်တင်ယာဉ်တစ်စီး တိမ်းမှောက်မှုဖြစ်ခဲ့တာကြောင့် ယာဉ်ပေါ်ပါ ခရီးသည် ၁၀ ဦးနီးပါး ဒဏ်ရာရရှိခဲ့ပါတယ်။ ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားခဲ့သည့်နေရာမှာ ဧရာဝတီတိုင်းဒေသကြီး ၊ ဝါးခယ်မမြို့နယ် ၊ တုံလှဲချောင်း ကျေးရွာအနီးမှာလို့ သိရပါတယ်။

CJ
CJ

ဒေသခံတွေရဲ့ အဆိုအရ ယာဉ်တိမ်းမှောက်မှုကြောင့် ခရီးသည်ယာဉ်ပေါ်ပါ အမျိုးသမီး ၇ ဦးနှင့် အမျိုးသား ၃ ဦး စုစုပေါင်း ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

CJ
CJ

ယာဉ်တိမ်းမှောက်မှုဖြစ်စဉ်မှာ တော်တော်ပြင်းထန်ပြီး အမျိုးသားတစ်ဦး ခြေထောက်တစ်ဖက်ပြတ်သွားသည်အထိ ဖြစ်ခဲ့တယ်လို့ မျက်မြင်တွေ့ရှိသူများရဲ့ ပြောဆိုချက်အရသိရပါတယ်။

CJ
CJ

အခြား ဒဏ်ရာရသူများကိုလည်း ဝါးခယ်မဆေးရုံကို ပို့ထားတယ်လို့ ဒေသခံများကဆိုထားပါတယ်။

CJ
CJ
CJ
CJ

ယာဉ်တိမ်းမှောက်မှုဖြစ်စဉ်နှင့်ပတ်သတ်ပြီး ယာဉ်မောင်းဖြစ်သူကိုလည်း ဖမ်းဆီးအရေးယူဖို့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။

Hsu Sandar Aung
Maria Emily Hsu

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T