မိခင်ဖြစ်သူရဲ့ မွေးနေ့ရက်မြတ်လေးမှာ ကြည်နူးစရာပုံရိပ်လေးတွေနဲ့အတူ ဖွဲ့နွဲ့စာဆိုကာ မွေးနေ့ဆုတောင်းစကားလေးဆိုထားတဲ့ စိုးပြည့်သဇင်

//s9.kh1.co/95/956f2a7009c47b0630f88179b0f99152e8ec66c6.jpg
အနုပညာရှင်များ

 ၂၉-နို-၂၀၂၁ ၁၁am · လွန်ခဲ့သော ၂ နှစ် က

.

မင်းသမီးချောလေး စိုးပြည့်သဇင်ကတော့ အနုပညာလောကမှာ အောင်မြင်မှုများစွာနဲ့ ရပ်တည်နေတဲ့ သူပဲဖြစ်ပါတယ်။ အနုပညာအလုပ်တွေကို ဆယ်စုနီးပါးလောက် လုပ်ကိုင်လာခဲ့ပြီး ပီပြင်အောင်သရုပ်ဆောင်မှုကြောင့်လည်း  အကယ်ဒမီဆုကိုလည်း ထိုက်ထိုက်တန်တန် ရရှိခဲ့သူပါ။ လတ်တလောမှာ အနုပညာလှုပ်ရှားမှုတွေ မတွေ့ရပေမယ့် သူမရဲ့ ချစ်စရာပုံရိပ်လေးတွေကတော့ မကြာခဏဖော်ပြပေးတာ တွေ့ရပါတယ်။

Photo Credit - Soe pyae Thazin
Photo Credit - Soe pyae Thazin
Photo Credit - Soe pyae Thazin
Photo Credit - Soe pyae Thazin

စိုးပြည့်လေးက မိဘအပေါ်သိတတ်ပြီး လိမ္မာရေးခြားရှိတဲ့ သမီးလေးဖြစ်တာကြောင့် လူအများရဲ့ ချစ်ခြင်းကိုလည်း အပြည့်အဝရရှိထားသူပဲဖြစ်ပါတယ်။ အနေအေးပြီး တည်ငြိမ်ကျော့ရှင်းကာ အေးချမ်းတဲ့ ပင်ကိုယ်အလှတရားတွေကို ပိုင်ဆိုင်ထားသလို ကလေးလေးတစ်ယောက်လို ရိုးသားဖြူစင်ပြီး ချစ်စရာကောင်းတဲ့ ဟန်ပန်လေးတွေနဲ့လည်း ပရိသတ်တွေအတွက် ချစ်အားပိုစေခဲ့​တယ်။

Photo Credit - Soe pyae Thazin
Photo Credit - Soe pyae Thazin
Photo Credit - Soe pyae Thazin
Photo Credit - Soe pyae Thazin

ဒီကနေ့ နိုဝင်ဘာ (၂၉) ရက်မှာတော့ မိခင်ရဲ့ မွေးနေ့လေးကို ကျရောက်ခဲ့တာကြောင့် ကြည်နူးစရာ ပုံလေးတွေနဲ့အတူ ဖွဲ့ဖွဲ့နွဲ့နွဲ့ဖြင့် ဆုတောင်းစကားဆိုထားရာမှာလည်း " Happy birthday မေကြီး….သမီးချစ်တဲ့မေမေ….အမြဲစိတ်ချမ်းသာကိုယ်ကျန်းမာနဲ့ပျော်ရွှင်ပါစေ…သမီးတို့နဲ့အတူသက်ရှည်ကျန်းမာစွာနေပေးပါနော်…..မေမေကအမြဲပျော်ပျော်နေတတ်တာမို့……နေ့ရက်တိုင်းလည်းမေမေပျော်ရွှင်ပါစေ…..မိသားစုအပေါ်မှာအမြဲဂရုစိုက်ပြီးချစ်တဲ့မေမေ….သက်ရှည်ကျန်းမာပြီး…မေမေသိချင်တဲ့..မေမေရချင်တဲ့….နိဗ္ဗာန်ချမ်းသာကိုရရှိပါစေမေမေ…..love you မေမေ " ဆိုပြီး ဆုတောင်းစကားဆိုထားတာ ဖြစ်ပါတယ်။ စိုးပြည့်ရဲ့ မိသားစုပုံရိပ်လေးတွေကတော့ တကယ့်ကိုအေးချမ်းမှုတွေနဲ့ပြည့်နေပြီး ကြည်နူးချစ်စရာကောင်းနေခဲ့တာတော့အမှန်ပါ။

Photo Credit - Soe pyae Thazin
Photo Credit - Soe pyae Thazin

သတင်း အရင်းအမြစ်Source - Soe Pyae Thazin

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T