ရင်သွေးလေးများဂေဟာအဆောက်အအုံအသစ်ကြီး ဖွင့်လှစ်နိုင်ခဲ့လို့ဝမ်းသာမျက်ရည်များကျနေတဲ့ ပရဟိတမင်းသမီး ခိုင်နှင်းဝေ

//s9.kh1.co/df/df29fa36033ff5ed33c74c47f2eebb57e75dc6b1.jpg
အနုပညာရှင်များ

 ၂၉-နို-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၂ နှစ် က

ရင်သွေးလေးများဂေဟာအဆောက်အအုံအသစ်ကြီး ဖွင့်လှစ်နိုင်ခဲ့လို့ဝမ်းသာမျက်ရည်များကျနေတဲ့ ပရဟိတမင်းသမီး ခိုင်နှင်းဝေ

ပရဟိတမင်းသမီးခိုင်နှင်းဝေဟာဆိုရင် မိဘမဲ့ကလေးလေးတွေ မိဘတွေကမမွေးနိုင်တော့တဲ့ကလေးလေးတွေကို ရင်သွေးလေးများဂေဟာလေး ဖွင့်လှစ်ပေးပြီး စောင့်ရှောက်ပေးနေတဲ့သူဖြစ်ပါတယ်။ အခုလက်ရှိမှာလည်း ခိုင်နှင်းဝေဟာ ကလေးငယ်လေးများအတွက် ရင်သွေးငယ်လေးများ ဂေဟာ အသစ်ကြီးကို ထပ်မံဖွင့်လှစ်ပေးလိုက်နိုင်ပါပြီ။

Khine Hnin Wai
Khine Hnin Wai
Khine Hnin Wai
Khine Hnin Wai
Khine Hnin Wai
Khine Hnin Wai

ခိုင်နှင်းဝေ ရင်သွေးလေးများ ဂေဟာအသစ် ဖွင့်ပွဲ နှင့် ဂေဟာအပ်နှံခြင်း လက်မှတ်ရေးထိုးပွဲကို ယမန်နေ့ နိုဝင်ဘာလ ၂၈ ရက်နေ့က တောင်ဒဂုံမြို့နယ်မှာ ကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ခိုင်နှင်းဝေ ရင်သွေးလေးများဂေဟာ အသစ်ကြီးဟာဆိုရင် နေ့ဘက်ဆိုရင် ခန်းနားလှပပြီး ညဘက်ဆိုရင်လည်း မီးရောင်တွေနဲ့ ထိန်လင်းလို့ နေပါတယ်။

Khine Hnin Wai
Khine Hnin Wai

အရမ်းလှတဲ့ ရင်သွေးလေးများဂေဟာ အသစ်ကြီးကို ငွေကျပ်သိန်း ၂၅၀၀ အကုန်အကျခံဆောက်လုပ်ထားပြီး Soul Foundation မှ လှူဒါန်းထားတာဖြစ်တယ်လို့ သိရပါတယ်။

Khine Hnin Wai
Khine Hnin Wai
Khine Hnin Wai
Khine Hnin Wai
Khine Hnin Wai
Khine Hnin Wai

ကံကြမ္မာအရ လူ့လောကကြီးထဲကို အဖိုးတန်စွာရောက်လာပြီး စွန့်ပစ်ခံရတဲ့ ကလေးငယ်လေးတွေအတွက် နားခိုစရာ ရိပ်မြုံကောင်းကြီးတစ်ခု ထပ်ပြီးတိုးလာခဲ့လို့ တကယ်ကို ဝမ်းသာပျော်ရွှင်ဖို့ကောင်းလှပါတယ်။

Khine Hnin Wai
Khine Hnin Wai

ပရဟိတမင်းသမီး ခိုင်နှင်းဝေကိုယ်တိုင်လည်း အောင်မြင်စွာဖွင့်လှစ်နိုင်ခဲ့တဲ့ ရင်သွေးလေးများဂေဟာအသစ်ကြီးကြောင့် ဝမ်းသာမျက်ရည်များ ကျလို့နေပါတယ်။

Hsu Sandar Aung
Maria Emily Hsu

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T