12 မိနစ်ပေါင်း အများကြီးကို ဆော့ကစားရမဲ့ 12 Minutes

//s9.kh1.co/6d/6d11c01f6378cbd3d19b37bb1bee8ff1cacca426.jpg
E-Sports

 ၂၉-နို-၂၀၂၁ ၂pm · လွန်ခဲ့သော ၂ နှစ် က

.

အချိန်ခရီးသွားခြင်း အချိန်ပြန်ကျော့ခြင်း သဘောတရားတွေနဲ့ ဂိမ်းတွေကို နှစ်သက်သူတွေအတွက်  ဂိမ်းလေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်တိုက်ခန်းလေးတစ်ခုထဲမှာ လင်မယားနှစ်ယောက် ပြန်ပြန်ကျော့နေတဲ့ အချိန်ထဲမှာ ပိတ်မိနေတဲ့အကြောင်းကို Horror ဆန်ဆန် ဆော့ရမဲ့ ဂိမ်းတစ်ခုပါ ဂိမ်းကဘာမှမဟုတ်ဘူးထင်ရပေမဲ့ သူ့ရဲ့ Gameplay နဲ့ ဇာတ်လမ်းက တော်တော်လေး စိတ်ဝင်စားဖို့ကောင်းတဲ့ ဂိမ်းတစ်ခုပါ

12 Minutes
12 Minutes

ဒီနှစ်အစောပိုင်းက ထွက်လာတာဖြစ်ပါတယ် PC,X Box နဲ့ PS တွေပေါ်မှာ ကစားလို့ရပြီး  ကစားသူဟာ ယောကျာ်းနေရာက ကစားရမှာပါ ပုံမှန်ပျော်စရာအတွဲလေးဟာ တနေ့တာကို ပုံမှန်ဖြတ်သန်း ညစာလေးစားရင်း ဆိုဖာပေါ်မှာအေးအေးဆေးဆေးနားဖို့ စီစဥ်ထားကြသူတွေပါ ဒါပေမဲ့ မကြာခင် အခန်းတံခါးလာခေါက်သံ ကြားရပြီး စုံထောက်တစ်ယောက်က အခန်းထဲကိုဝင်ဖို့ အော်ဟစ်နေတာကို ကြားရပါလိမ့်မယ် အခန်းထဲ‌ရောက်လာရင်တော့ သင့်ဇနီးကို လူသတ်မူနဲ့ ပတ်သက်နေတယ်လို့ စွပ်စွဲပြီး သင့်ကို သတ်ပါလိမ့်မယ်

12 Minutes
12 Minutes

ဇာတ်လမ်းက အဲ့အတိုင်းရပ်သွားမှာမဟုတ်ပဲ အသတ်ခံရပြီးချိန်ကျရင်  ညနေကအတိုင်း စုံထောက်မလာခင် ၁၂ မိနစ် အတိအကျကို ပြန်ရောက်သွားမှာပါ ဒီလိုနဲ့ နှစ်ယောက်သား အချိန်ပြန်ကျော့မူထဲမှာ ပိတ်မိနေကြပြီး ဒီလိုပြန်ကျော့နေတာကိုတော့ ဇနီးက သိမှာမဟုတ်ပဲ သင်တစ်ယောက်တည်းကသာ သိနေမှာပါ ဘာကြောင့်ဒီလိုတွေ ဖြစ်နေရတာလဲ အဲ့ဒီစုံထောက်ကရော ဘာကြောင့် ဇနီးကို လူသတ်မူနဲ့ စွပ်စွဲပြီး သင့်ကို သတ်ပစ်နေရတာလဲ ဆိုတာကို စုံထောက် နောက်တစ်ခေါက်ပြန်လာပြီး သင့်ကိုမသတ်ခင် 12 မိနစ်အတွင်းမှာ အဖြေရှာပြီး ဒီအချိန်ကျော့မူကနေ ရုန်းထွက်ရမှာပါ အဲ့လိုမရှာနိုင်ပဲ 12 မိနစ်ပြန်ပြည့်သွားရင်တော့ အိပ်မက်ဆိုးကြီး ပြန်စတင်မှာ ဖြစ်ပါတယ်

Luis Antonio ကထုတ်လုပ်ထားပြီး ဒီဂိမ်းထဲမှာ Willem Dafoe က စုံထောက်အဖြစ်  Daisy Ridley က မိန်းမအဖြစ်နဲ့ James McAvoy က ယောကျာ်းအဖြစ် အသံသရုပ်ဆောင်ထားကြပါတယ် လက်ရှိ Steam မှာ 20% Discount ဒေါ်လာ 19.99 နဲ့ ဝယ်လို့ရပါတယ်

Aung Pyae Sone
Aung Pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T