လီဝန်ဒေါစကီး ၊ ဂျော်ဂျင်ညို တို့ကိုကျော်ဖြတ်ပြီး Ballon Dor ဆုကိုရခဲ့တဲ့ မက်ဆီ

//s9.kh1.co/67/6742cebe91aab7ebc7e3090bcda09d1b45a3c1f2.jpg
အားကစားသတင်းများ

 ၃၀-နို-၂၀၂၁ ၉am · လွန်ခဲ့သော ၂ နှစ် က

.

(၂၀၂၁)ခုနှစ်အတွက် ပေးအပ်တဲ့ Ballon d'Or ဆုပေးပွဲမှာ လ​က်ရှိ PSG တိုက်စစ်မှူး မက်ဆီကတော့ လီဝန်ဒေါစကီး ၊ ဂျော်ဂျင်ညို တို့ကိုကျော်ဖြတ်ပြီး (၇)ကြိမ်မြောက် Ballon d'Or ဆုအဖြစ် ထိုက် ထိုက်တန်တန်ရရှိသွားခဲ့ပါတယ်။ မက်ဆီဟာ ရွှေဘောလုံးဆု (Ballon Dor)အတွက် မဲပေးမှုမှာ ရမှတ် စုစုပေါင်း (၆၁၃) မှတ်အထိရရှိခဲ့ပြီး ဒုတိယနေရာက လီဝန်ဒေါစကီးထက် (၃၃)မှတ်ပိုများခဲ့ပါတယ်။

Photo Credit - Twitter
Photo Credit - Twitter
Photo Credit - Twitter
Photo Credit - Twitter

ဒါ့အပြင် အဆင့်(၆)နေရာက သူ့ရဲ့မဟာပြိုင်ဘက်ကြီး စီရိုနယ်ဒိုထက်လည်း (၄၃၅)မှတ်ပိုများခဲ့ပါတယ်။ မက်ဆီဟာ တစ်ဦးချင်း အောင်မြင်မှုမှာ အားလုံးထက် အပြတ်အသတ် သာလွန်နေပြီး ဥရောပ ရွှေဖိနပ်ဆု (၆) ကြိမ်၊ ကမ္ဘာ့ဖလား ရွှေဘောလုံးဆု၊ ယူ(၂၀) ကမ္ဘာ့ဖလား အကောင်းဆုံး ဆု တွေနဲ့ Playmaker ဆုတွေ အပါအဝင် အခြား အကောင်းဆုံးဆုတွေ မရေမတွက်နိုင်အောင် ရထားပါတယ်။

Photo Credit - Twitter
Photo Credit - Twitter
Photo Credit - Twitter
Photo Credit - Twitter

မက်ဆီဟာ Ballon d'Or ဆုကို ၂၀၀၉ ၊ ၂၀၁၀ ၊၂၀၁၁ ၊ ၂၀၁၂ ၊ ၂၀၁၅ ၊ ၂၀၁၉ နဲ့ ယခု ၂၀၂၁ ခုနှစ်မှာ နောက်ထပ် (၇) ကြိမ်မြောက်ဆုကိုရရှိပြီး အများဆုံးစံချိန်တင်ထားတာ ဖြစ်ပါတယ်။ နောက်ထပ် ၈ ကြိမ်မြောက် ၉ ကြိမ်မြောက် ရွှေဘောလုံး ဆုတွေ မက်ဆီ ထပ်ရ အုံးမလား ဆိုတာကတော့ မက်ဆီအနေနဲ့ ဒီဆုကို ထပ်လိုချင်သေးလား၊ ရိုးအီသွားပြီလား ဆိုတဲ့ အပေါ်မှာပဲ မူတည်နေပါတော့တယ်။

Photo Credit - Twitter
Photo Credit - Twitter
Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T