ပိုက်ဆံမကုန်တဲ့ အသက်ရှည်ဆေး

//s9.kh1.co/9a/9a74d1fc74fa741e30711d935b0ec46d31e8c95e.jpg
ကျန်းမာရေးနှင့် အလှအပရေးရာ

 ၃၀-နို-၂၀၂၁ ၁၁am · လွန်ခဲ့သော ၂ နှစ် က

.

လူတိုင်း ကျန်းကျန်းမာမာနဲ့ အသက်ရှည်ချင်ကြပါတယ်။ ဒါပေမဲ့ ခေတ်ကြီးက တိုးတက်လာတာနဲ့အမျှ ဆေးကုသစရိတ်တွေကလည်း ပိုပိုများလာပါတယ်။ ကာကွယ်ခြင်းက ကုသခြင်းထက် ပိုကောင်းတယ်ဆိုတဲ့ စကားအတိုင်း ရောဂါမဖြစ်ခင်က ကြိုကာကွယ်ထားရင် ဆေးကုသစရိတ်တွေ အပိုမကုန်တော့ပါဘူး။ ဒီနေ့မှာတော့ ပရိသတ်တွေအတွက် ပိုက်ဆံမကုန်တဲ့ အသက်ရှည်ဆေးလေးတစ်ခုကို ပြောပြချင်ပါတယ်။

https://s9.kh1.co/__image/w=634,h=423,q=100/bc/bcef198653a411dab46a46520b12a004b4495b3f.jpg

ဟားဗတ်တက္ကသိုလ်က သုတေသီများက မကြာသေးမီက အချက်အလက်သစ်တစ်ခု ရှာဖွေတွေ့ရှိခဲ့ပါတယ်။ အဲဒါကတော့ လေ့ကျင့်ခန်းလုပ်ခြင်းဟာ အသက်ရှည်စေတယ်ဆိုတဲ့ အချက် ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=394,q=100/9a/9a754125be046aa90f2c21a1c06cd4767e9999ad.jpg

အသက်ကြီးလာတာနဲ့အမျှ လှုပ်ရှားမှုတွေ နှေးကွေးလာတယ်။ ခန္ဓာကိုယ် လေးလံလာတယ်။ ဒါကြောင့် ငယ်တုန်းကလို အားကစား မလုပ်ဖြစ်ကြတော့တာ များတယ်။ ဟားဗတ်ပညာရှင်တွေရဲ့ အဆိုအရ အဲဒါနဲ့ ဆန့်ကျင်ဘက်၊ အသက်ကြီးလေ လေ့ကျင့်ခန်း ပိုလုပ်သင့်လေ ဖြစ်ပါတယ်တဲ့။

လေ့ကျင့်ခန်း လုပ်ခြင်းကြောင့် ခန္ဓာကိုယ်မှာ မကောင်းတဲ့ ဖြစ်စဥ်တွေဖြစ်တဲ့ အဆီသိုလှောင်ခြင်းကို လျော့နည်းစေပြီး အိုမင်းလျင့်လျော်မှုကို ခုခံဟန့်တားပေးမယ့် ကောင်းတဲ့ ဖြစ်စဥ်တွေကို ပိုမြန်လာစေတယ်လို့ သူတို့က ဆိုပါတယ်။

https://s9.kh1.co/__image/w=480,h=252,q=100/8e/8eb85f1a13d11b6dc224211c3163e84086b08811.jpg

လေ့ကျင့်ခန်းလုပ်ရင် အိုမင်းလျင့်လျော်မှုကို ဘယ်လို ဟန့်တားတာလဲ။ 

ဒီမေးခွန်းရဲ့ အဖြေကိုတော့ သုတေသီ ပရော်ဖက်ဆာ လီဘာမင်က ခုလို ဖြေထားပါတယ်။ "လေ့ကျင့်ခန်း လုပ်တယ်ဆိုတာ ခန္ဓာကိုယ်အတွက် ဖိစီးမှု တစ်ခုပါ။ အဲဒါကြောင့် သွေးထဲ ဇီဝပစ္စည်းတွေ များလာတယ်။ အရိုးနဲ့ ကြွက်သားတွေမှာ မပြောပလောက်တဲ့ ဒဏ်ရာသေးသေးလေးတွေ ဖြစ်လာတယ်။ ခန္ဓာကိုယ်က အဲဒီဒဏ်ရာတွေကို ကုစားရင်းနဲ့ နှေးကွေးနေတဲ့ ဇီဝဖြစ်စဥ်တွေ ပိုမြန်လာတယ်။ ခန္ဓာကိုယ်ထဲမှာ အသက်ကြီးလို့ ဖြစ်လာတဲ့ တချို့ ထိခိုက်မှု အသေးစားလေးတွေကို တစ်ပါတည်း ပြုပြင်ရင်းနဲ့ အိုမင်းလျင့်လျော်မှုကို တိုက်ဖျက်သွားတာပါ။

https://s9.kh1.co/__image/w=650,h=488,q=100/c2/c2781ef13d7237b3be9328b9f7f78543ef052536.cms

ပရိသတ်တွေလည်း ပိုက်ဆံမကုန်တဲ့ အသက်ရှည်ဆေး ဖြစ်တဲ့ လေ့ကျင့်ခန်းကို နေ့တိုင်း ပုံမှန်လေး လုပ်ဖြစ်အောင် တိုက်တွန်းလိုက်ရပါတယ်။

https://s9.kh1.co/__image/w=560,h=700,q=100/6b/6bcb972b72173166fcaba9ceeedb097a128fc5fe.jpg
Eaint Yadanar Min
Eaint

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T