သမီးလေးနဲ့ ဆော့ကစားရာမှ ငိုရခက်ရယ်ရခက်ဖြစ်သွားခဲ့တဲ့အကြောင်းကို ပြောပြလာခဲ့တဲ့ ဒေးဗစ်ဘက်ခမ်း

//s9.kh1.co/e4/e4072c5a7f978da18296e726cd6877f1bf1cdfa1.jpg
အနုပညာရှင်များ

 ၃၀-နို-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၂ နှစ် က

ဒေးဗစ်ဘက်ခမ်းဟာ သူ့ရဲ့ အငယ်ဆုံးသမီးလေးဖြစ်တဲ့ ဟာပါဆဲဗင်းနဲ့..... (အပြည့်အစုံဖတ်ရန် ပုံ ကိုနှိပ်ပါ)

ကောင်းမွန်လှပပြီး ပြင်းထန်လွန်းတဲ့ ဖရီးကစ်ခြေစွမ်းတွေကြောင့် ပရိတ်သတ်ရင်ထဲ မေ့မရနိုင်တော့အောင် နေရာယူထားပြီးသား ဘောလုံးအားကစားသမားကြီးလို့ဆိုလာရင်တော့ အများက သိကြတဲ့ ဒေးဗစ်ဘက်ခမ်းကိုပဲ ဖော်ပြရမှာပါပဲ။သူဟာ (၁၉၈၇) ခုနှစ်မှစတင်ကာ ဘောလုံးလောကထဲကို စတင်ဝင်ရောက်လာခဲ့တာဖြစ်ပြီး (၂၀၁၃)ခုနှစ်မှာတော့ အနားယူသွားခဲ့ပြီဖြစ်ပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader

သူဟာ (၁၉၉၉)ခုနှစ်မှာ အဆိုတော်တစ်ဦးဖြစ်တဲ့ ဗစ်တိုးရီးယားဘက်ခမ်းနှင့်လက်ထပ်ခဲ့ပြီး လက်ရှိမှာ သားသမီး(၄)ဦးထွန်းကားခဲ့တာပဲဖြစ်ပါတယ်။ဘောလုံးသမားဘဝကနေအနားယူပြီးနောက်မှာတော့ သူဟာ မိသားစုနှင့်အချိန်အတူကုန်ဆုံးစေကာ ဘဝကိုဖြတ်သန်းနေတာပဲဖြစ်ပါတယ်။ ယခုလည်း သူ့ရဲ့ သမီးအငယ်ဆုံးလေးနဲ့ အတူတူဆော့ကစားနေရာမှ ဖြစ်ပေါ်လာတဲ့ အကြောင်းအရာအချို့ကိုဝေမျှလာခဲ့တာဖြစ်ပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader

သူဟာ သူ့ရဲ့ (၁၀)နှစ်အရွယ်ရှိတဲ့ သမီးလေးကို ကလိထိုးဆော့မြှူနေခဲ့ရင်း သူ့ရဲ့ နှာခေါင်းမှာ ဒဏ်ရာရရှိလာခဲ့တဲ့အကြောင်းကို ဟာသအမြင်ဖြင့် ဖော်ပြလာခဲ့တာဖြစ်ပါတယ်။သူရေးထားတာကတော့ “ကိုယ့်ကိုကို သတိပေးချက် : သမီးနဲ့ ကစားနေတုန်း ကိုယ့်ရဲ့နှာခေါင်းကို သူ့ပါးစပ်နားမှာ မထားမိစေရန်” ဆိုပြီးရေးသားခဲ့တာဖြစ်ပါတယ်။ ပရိတ်သတ်တွေအနေနဲ့လည်း အစကတော့ ဒေးဗစ်ဘက်ခမ်းရဲ့ ဒဏ်ရာကြောင့် စိတ်ပူသွားခဲ့ကြပေမယ့် ဒီစာသားကို မြင်လိုက်ရတဲ့အခါမှာတော့ သဘောကျရယ်မောနေခဲ့ကြတာပဲဖြစ်ပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Thandar Aung
Thandar Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T