Covid-19 ရောဂါပိုး ကူးစက်ခံထားရတဲ့ တောင်ကိုရီးယားသရုပ်ဆောင် Go Kyung Pyo

//s9.kh1.co/80/80f170126920358989290969fba420fa2d81af1f.jpg
အနုပညာရှင်များ

 ၃၀-နို-၂၀၂၁ ၂pm · လွန်ခဲ့သော ၂ နှစ် က

Covid-19 ရောဂါပိုး ကူးစက်ခံထားရတဲ့ တောင်ကိုရီးယားသရုပ်ဆောင် Go Kyung Pyo

တောင်ကိုရီးယားသရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ Go Kyung Pyo ဟာဆိုရင် ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး ကူးစက်ခံလိုက်ရပြီပဲဖြစ်ပါတယ်။ Go Kyung Pyo တစ်ယောက် ရောဂါပိုးကူးစက်ခံထားရတဲ့အကြောင်းကို သူ့ရဲ့ အေဂျင်စီဖြစ်တဲ့ CL& Company က အခုလိုကြေညာချက် ထုတ်ပြန်ပေးလိုက်တာပဲဖြစ်ပါတယ်။

Google
Google

 “ ကျွန်တော်တို့ သရုပ်ဆောင် Go Kyung Pyo ကိုဗစ်ရောဂါကူးစက်ခံထားရတဲ့အကြောင်းကို ဒီနေ့နိုဝင်ဘာလ ၃၀ ရက်နေ့မှာ စစ်ဆေးတွေ့ရှိခဲ့တာဖြစ်ပါတယ်။ သူက သြဂုတ်လနှင့် အောက်တိုဘာလမှာ ကတည်းက ဖိုင်ဇာ ကာကွယ်ဆေး နှစ်လုံးစလုံးထိုးထားပြီးသားပါ။ ရောဂါပိုးကူးစက်ခံထားရတာကြောင့် Go Kyung Pyo ရဲ့ အချိန်စာရင်းတွေအကုန် ပယ်ဖြတ်ပြီး သီးသန့်ကွာရန်တင်းနေခိုင်းထားပါတယ်။ Go Kyung Pyo နေကောင်းကျန်းမာပြီး အတောက်ပဆုံးပုံစံနဲ့ ပရိသတ်တွေဆီကို ပြန်လည်ရောက်ရှိလာမှာပါ။ စိတ်ပူအောင်လုပ်မိခဲ့လို့ တောင်းပန်ပါတယ် ။ Go Kyung Pyo လက်ရှိရိုက်ကူးနေတဲ့ Netflix ဇာတ်လမ်း “Seoul Vibe” ရိုက်ကူးနေတာကိုလည်း ပယ်ဖြတ်ထားလိုက်ပါပြီ။ ဒီဖြစ်စဉ်နှင့်ပတ်သတ်မှုရှိနေတဲ့ ဝန်ထမ်းတွေ အားလုံးကိုလည်း ရောဂါပိုးစစ်ဆေးပေးထားပါတယ်။ ရောဂါပိုးစစ်ဆေးမှုရလာဒ်တွေနဲ့ ကွာရန်တင်းစည်းမျဉ်းစည်းကမ်းတွေအရ ရိုက်ကူးရေး အချိန်ဇယားတွေကို ရွှေ့ဆိုင်းထားမှာပါ။”

Google
Google

၁၉၈၈ ခုနှစ် ဆိုးလ်အိုလံပစ်ပွဲပုံစံကိုနောက်ခံတည်ပြီး ရိုက်ကူးသွားမယ့် “Seoul Vibe” ဇာတ်လမ်းဟာ လျှပ်တစ်ပျက် ရံပုံငွေဓားပြတိုက်တဲ့ အကြောင်း ပုံဖော်ထားတဲ့ အကြမ်းအရမ်း အက်ရှင်ကားကောင်းတစ်ကားဖြစ်ပါတယ်။ဇာတ်လမ်းရဲ့ သရုပ်ဆောင်တွေအဖြစ် Yoo Ah In ၊ Go Kyung Pyo ၊ Lee Kyu Hyung ၊ Park Ju Hyun ၊ Ong Seong Wu နှင့် WINNER အဖွဲ့ဝင် Song Mino တို့ပါဝင်ထားပါတယ်။

Google
Google

Go Kyung Pyo တစ်ယောက်လည်း အမြန်းဆုံးနေကောင်းကျန်းမာလာပြီး “Seoul Vibe” ကိုအကောင်းဆုံး အပြီးသတ်ရိုက်ကူးနိုင်ဖို့ ဆုတောင်းပေးလိုက်ပါတယ်။

Hsu Sandar Aung
Maria Emily Hsu

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T