"ကျောက်ဖရားမှ ဧရာဝတီသို့ " ဇာတ်လမ်းတွဲရိုက်ကူးခဲ့စဥ်က ထိုင်းမင်းသမီးလေးနဲ့အတူ ပျော်ပျော်ရွှင်ရွှင် ခြင်းလုံးခတ်လေ့ကျင့်နေတဲ့ ဒေါင်းရဲ့ ဗီဒီယို

//s9.kh1.co/fa/fa8120bbfd3c96ae9155e561ecfd927f363a8991.jpg
အနုပညာရှင်များ

 ၃၀-နို-၂၀၂၁ ၂pm · လွန်ခဲ့သော ၂ နှစ် က

.

အနုပညာနယ်ပယ်မှာ အချိန်အတိုတွင်း အောင်မြင်လာခဲ့ပြီး ပရိသတ်တွေရဲ့ချစ်ခြင်းမေတ္တာကို အပြည့်အဝရရှိထားခဲ့တဲ့ သူကတော့ ပြည်သူ့ မင်းသား ​ဒေါင်းပဲ ဖြစ်ပါတယ်။ ဒေါင်းဟာ အေးဆေးတည်ငြိမ်စွာ နေတတ်တဲ့သူဖြစ်သလို သရုပ်ဆောင်ပိုင်းမှာလည်း အပြစ်ပြောစရာမရှိလောက်အောင် ထူးချွန်နေသူပဲ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ပြည်သူတွေနဲ့အတူတစ်သားတည်း ရပ်တည်ပေးခဲ့ပြီး ၅၀၅(က)ဖြင့်အမှုစွဲဆိုခံထားရတာပါ။

Photo credit - DAUNG
Photo credit - DAUNG
Photo credit - DAUNG
Photo credit - DAUNG

ဒီလိုပြည်သူတွေနဲ့အတူ တစ်သားတည်းရှိခဲ့တာကြောင့်လည်း လူအများရဲ့ လေးစားချစ်ခင်မှုတွေကို ရရှိခဲ့ပါတယ်။ ယခုမှာတော့ ဒေါင်းရဲ့ချစ် ပရိသတ်တွေ အမှတ်တရကြည့်ရှုဖို့အတွက် "ကျောက်ဖရားမှ ဧရာဝတီသို့"ဆိုတဲ့ ထိုင်းဇာတ်လမ်းတွဲလေး ရိုက်ကူးခဲ့စဥ်က ကြည်နူးချစ်စရာဖြစ်တဲ့ ဗီဒီယိုလေးတစ်ခုကို ဖော်ပြပေးချင်ပါတယ်။ ဒီဗီဒီယိုလေးကတော့ ဒေါင်းဟာ ဇာတ်ဝင်းခန်းတစ်ခုအတွက် ထိုင်းမင်းသမီးလေးနဲ့အတူ ပျော်ပျော်ပါးပါး ခြင်းလုံးခတ်လေ့ကျင့်နေတာ ဖြစ်ပါတယ်။

Photo credit - Original Upload 
Photo credit - Original Upload 
Photo credit - Original Upload
Photo credit - Original Upload

"ကျောက်ဖရားမှ ဧရာဝတီသို့" ဇာတ်လမ်းတွဲလေးကိုတော့ ၂၀၂၀ ခုနှစ်ကတည်းက ထိုင်းဒါရိုက်တာမှ ပုံဖော်ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။  ဒီဇာတ်လမ်းတွဲမှာတော့ သမိုင်းမှတ်တမ်းဝင် အငွေ့အသက်များပါဝင်ပြီး  ဒေါင်း ၊ မော်လ်ဒယ် နှင်းသွေးယုအောင်အပါအဝင် ထိုင်းသရုပ်ဆောင်တွေများစွာ ပါဝင်ပြီး ရိုက်ကူးထားကြတာပဲဖြစ်ပါတယ်။ ဇာတ်ဝင်းခန်းတစ်ခုအတွက် ခြင်းလုံးခတ် လေ့ကျင့်နေကြတဲ့ ဒေါင်းနဲ့ထိုင်းမင်းသမီးတို့ရဲ့ ကြည်နူးချစ်စရာ အမှတ်တရဗီဒီယိုလေးကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

သတင်း အရင်းအမြစ်Source - Bangkok Guide For You

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T