ဖမ်းဆီးချုပ်နှောင်ခံနေရတဲ့ သူငယ်ချင်းဖြစ်သူ ပြေတီဦးရဲ့ မွေးနေ့လေးမှာ အလိုချင်ဆုံးဆုတစ်ခုကို စိတ်မကောင်းစွာ တောင်းဆုပန်ပေးခဲ့တဲ့ ညီနန္ဒ

//s9.kh1.co/cf/cf5f0bb7d04a85b8f147525d3089d04c3b021d98.jpg
အနုပညာရှင်များ

 ၃၀-နို-၂၀၂၁ ၄pm · လွန်ခဲ့သော ၂ နှစ် က

.

အနုပညာလောကမှာ အောင်မြင်မှုတွေနဲ့ လျှောက်လှမ်းနေတဲ့ ပြေတီဦးကတော့ လက်ရှိမှာ ပြည်သူပရိသတ်တွေရဲ့ ချစ်ခြင်းမေတ္တာတွေကိုအပြည့်အဝရရှိထားပြီး လေးစားရတဲ့ အနုပညာရှင်တစ်ယောက် ဖြစ်လာခဲ့ပါပြီ။ ပြေတီဦး ဟာ နွေဦးတော်လှန်ရေး လူထုလှုပ်ရှားမှုကာလတွေမှာ ပြည်သူတွေနဲ့ တစ်သားတည်းရပ်တည်ပြီး တက်ကြွစွာ ပါဝင်လှုပ်ရှားမှုတွေကြောင့် ၅၀၅(က) ဖြင့် အမှုစွဲဆိုခံရပြီး ဇနီးဖြစ်သူ အိန္ဒြာကျော်ဇင် နဲ့အတူ ဖမ်းဆီးချုပ်နှောင်ခံခဲ့ရတာ ဖြစ်ပါတယ်။

Photo Credit - Pyay Ti Oo
Photo Credit - Pyay Ti Oo
Photo Credit - Pyay Ti Oo
Photo Credit - Pyay Ti Oo

လက်ရှိအချိန်ထိ အချုပ်အနှောင်ထဲကနေ ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးတာကြောင့် ပြည်သူ့ပရိသတ်တွေကလည်း များစွာစိတ်မကောင်းဖြစ်ပြီး နေ့စဉ်အမျှ လွတ်မြောက်လာအောင် ဆုတောင်းပေးထားကြတာ ဖြစ်ပါတယ်။ ဒီကနေ့ နိုဝင်ဘာ (၃၀) ရက်နေ့မှာတော့ ပြည်သူ့ပရိသတ်တွေ ချစ်ခင်ရတဲ့ ပြေတီဦးရဲ့ အသက် (၄၃) နှစ်ပြည့်မွေးနေ့လေးကို ကျရောက်ခဲ့ပြီပဲ ဖြစ်ပါတယ်။ပြေတီဦး ရဲ့ မွေးနေ့လေးကိုလည်း ပရိသတ်တွေနဲ့ အနုပညာမောင်နုမတချို့ကလည်း စိတ်မကောင်းဖြစ်ပေမယ့် သတိတရနဲ့ မွေးနေ့ဆုတောင်းပေးထားကြတာ တွေ့ရပါတယ်။

Photo Credit - Nyi Nanda
Photo Credit - Nyi Nanda
Photo Credit - Pyay Ti Oo
Photo Credit - Pyay Ti Oo

ဒီလို ဆုတောင်းပေးထားတဲ့ အနုပညာရှင်တွေထဲမှာ သူငယ်ချင်းဖြစ်သူ ညီနန္ဒကလည်း အလိုချင်ဆုံး ဆုတစ်ခုကို စိတ်မကောင်းစွာ တောင်းဆုပန်ပေးထားခဲ့ပါတယ်။ ဒါကတော့ "သူငယ်ချင်းရဲ့မွေးနေ့မှာ ဝဋ်ကြွေးတွေအမြန်ကျေပါစေလို့ ဆုတောင်းပေးပါတယ်" ဆိုပြီး စိတ်မကောင်းစွာ တောင်းဆုပန်ပေးထားတာ ဖြစ်ပါတယ်။ ချစ်ပရိသတ်တွေကလည်း ဖမ်းဆီးချုပ်နှောင်ခံထားရဆဲဖြစ်တဲ့ ပြေတီဦးကို အမြန်ဆုံးလွတ်မြောက်အောင် ဆုတောင်းစကားတွေလည်း ပြောပေးခဲ့ပါဦးနော်။

သတင်း အရင်းအမြစ်Source - Nyi Nanda

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T