ပရိတ်သတ်တွေအရမ်းချစ်ရတဲ့ Wonder Woman အကြောင်းတစေ့တစောင်း

//s9.kh1.co/06/06e5fbeb273696bab67f1f7cd1f6e370805b287e.jpg
အနုပညာရှင်များ

 ၀၁-ဒီ-၂၀၂၁ ၁am · လွန်ခဲ့သော ၂ နှစ် က

ဥပဒေဘွဲ့ရတစ်ဦးဖြစ်တဲ့ မင်းသမီး Gal Gadot ဟာ.... (အပြည့်အစုံဖတ်ရန် ပုံ ကိုနှိပ်ပါ)

Wonder Woman လို့အများကသိကြတဲ့ မင်းသမီး Gal Gadot ဟာ လက်ရှိမှာ Red Notice ဇာတ်ကားကြောင့် တစ်ဖန်ပြန်လည်ရေပန်းစားနေတာပဲဖြစ်ပါတယ်။ဒါကြောင့်မို့ သူမရဲ့ အကြောင်းအရာတစ်ချို့ကိုဒီနေ့မှာရေးသားဖော်ပြလိုက်ရပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader

Gal Gadot ကို အစ္စရေးနိုင်ငံ ၊ Petah Tikvaမြို့ ၌ (၁၉၈၅)ခုနှစ် ၊ ဧပြီ (၃၀)ရက်နေ့မှာ မွေးဖွားခဲ့တာဖြစ်ပါတယ်။နောက်ပိုင်းမှာတော့ သူမတို့တစ်မိသားစုလုံးဟာ Rosh HaAyin မြို့ကိုပြောင်းရွှေ့နေထိုင်ခဲ့ကြတာဖြစ်ပါတယ်။သူမရဲ့ မိဘတွေဟာ အင်ဂျင်နီယာနဲ့ ကျောင်းဆရာမဖြစ်ကြပြီး သူမမှာ ညီမငယ်တစ်ယောက်ရှိတာဖြစ်ပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader

သူမဟာ အရပ် (၅)ပေ (၁၀)လက်မရှိပြီး အလေးချိန် (၅၈) ကီလိုဂရမ် (၁၂၈ပေါင်) ရှိတာပဲဖြစ်ပါတယ်။သူမဟာ ငယ်စဥ် ဘဝတည်းက အနုပညာကိုဝါသနာပါခဲ့တာဖြစ်ပြီး(၂၀၀၄)ခုနှစ်မှာတော့ Miss Israel 2004 ပြိုင်ပွဲကိုဝင်ရောက်ယှဥ်ပြိုင်ခဲ့တာဖြစ်ပါတယ်။သူမဟာထိုပြိုင်ပွဲမှာအနိုင်ရရှိခဲ့ပြီး နိုင်ငံကိုယ်စားပြုအနေနဲ့ သွားရောက်ယှဥ်ပြိုင်ခဲ့ရသေးတယ်လို့လည်းသိရပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader

သူမဟာ ဥပဒေပညာနဲ့ကျောင်းပြီးထားတာဖြစ်ပြီး ဘတ်စကတ်ဘော ကစားရတာနဲ့ တင်းနစ်ဆော့ကစားရတာဟာ သူမရဲ့အကြိုက်ဆုံးအားကစားနည်းတွေဖြစ်တယ်လို့လည်းဆိုပါတယ်။Gal Gadot ဟာ (၂၀၀၈)ခုနှစ်မှာ Yaron Varasano နဲ့လက်ထပ်ခဲ့ပြီး လက်ရှိမှာ ကလေး(၃)ယောက်ပိုင်ဆိုင်ရရှိထားပြီပဲဖြစ်ပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader

သူမဟာ လက်ရှိအချိန်ထိ ဇာတ်ကားပေါင်း(၁၉)ကားသာသရုပ်ဆောင်ခဲ့တယ်ဆိုပေမယ့် Fast & Furious နဲ့ ပွဲဦးထွက်ခဲ့တဲ့အတွက် သူမဟာ ရုပ်ရှင်လောကကို စတင်ဝင်ရောက်လာစဥ်မှာပဲ ရေပန်းစားခဲ့တာဖြစ်ပါတယ်။ထို့နောက် Wonder Woman ဇာတ်ကားမှာတော့ ဇာတ်ကောင်နဲ့ သူမဟာ အင်မတန်လိုက်ဖက်ညီတဲ့အတွက် အတော်လေးအောင်မြင်မှုရရှိခဲ့တာဖြစ်ပါတယ်။လက်ရှိမှာတော့ သူမဟာ ကျရာဇာတ်ရုပ်ကိုပီပြင်ပိုင်နိုင်စွာသရုပ်ဆောင်နိုင်ခြင်းကြောင့် ပရိတ်သတ်တွေအကြားရေပန်းစားကျော်ကြားနေဆဲဖြစ်တဲ့ အနုပညာရှင်တစ်ဦးပဲဖြစ်ပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Thandar Aung
Thandar Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T