တန်ဖိုးထားရတဲ့ ချစ်သူလေး နန်းသူဇာ အတွက် ချစ်စရာ ဗီဒီယိုလေးနဲ့ မွေးနေ့ဆုတောင်း တောင်းလာခဲ့တဲ့ အဆိုတော် ကျော်ထွဋ်ဆွေ

//s9.kh1.co/d8/d891a6ced3adad37259c81104fafed1175254d02.jpg
အနုပညာရှင်များ

 ၀၁-ဒီ-၂၀၂၁ ၉am · လွန်ခဲ့သော ၂ နှစ် က

ဒီကနေ့ကျရောက်လာတဲ့ မော်ဒယ်နှင့်အဆိုတော် နန်းသူဇာ ရဲ့ မွေးနေ့မှာ...... (အပြည့်အစုံဖတ်ရန် ပုံ ကိုနှိပ်ပါ)

အဆိုတော် ကျော်ထွဋ်ဆွေ လို့ ဆိုလိုက်တာနဲ့ အထာကျကျ ဖက်ရှင်တွေနဲ့ ခပ်လန်းလန်း Rap စာသားများ  သီဆိုကာ ပရိတ်သတ်တွေရဲ့ အားပေးမှုကို ရရိခဲ့သူ Rap အဆိုတော်တစ်ဦးဆိုတာ ပရိတ်သတ်များက သိကြတာပဲဖြစ်ပါတယ်။ သူဟာ တေးသီချင်းများအချို့ ကို သီဆိုထုတ်လုပ်ခဲ့ပြီး သူ့ရဲ့ သီချင်းတိုင်းကို ပရိတ်သတ်တွေကလည်း တစ်ခဲနက်အားပေးခဲ့ကြပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader

အဆိုတော်ကျော်ထွဋ်ဆွေ ဟာ မော်ဒယ်နှင့်အဆိုတော် နန်းသူဇာနှင့် ချစ်သူဖြစ်နေခဲ့တာ (၁၁)နှစ်ကျော်သက်တမ်းအထိရောက်ရှိလာခဲ့ပြီဖြစ်တဲ့အတွက် သူ့ကို အနုပညာနယ်ပယ်မှာတင်အောင်မြင်ရုံမကပဲ အချစ်ရေးမှာလည်း အောင်မြင်သူတစ်ဦးဖြစ်ကြောင်း ပရိတ်သတ်များကအသိအမှတ်ပြုထားကြတာဖြစ်ပါတယ်။သူတို့ အတွဲလေးဟာ နှစ်သက်တမ်းအကြာကြီးတိုင်အောင် သစ္စာရှိရှိနဲ့ တစ်ဦးကိုတစ်ဦး ချစ်မြတ်နိုးကြတာမို့ ပရိတ်သတ်တွေက အမြဲလိုလိုအားကျနေကြရတာပဲဖြစ်ပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader

ကိုကျော်ထွဋ်ဆွေက ဒီနေ့မှာလည်း သူချစ်ခင်မြတ်နိုးရတဲ့ မနန်းသူဇာ ရဲ့ မွေးနေ့အတွက် ဗီဒီယိုလေးတစ်ခုနဲ့မွေးနေ့ဆုတောင်းတောင်းထားပေးခဲ့တာပဲဖြစ်ပါတယ်။ဒါ့အပြင်သူရေးထားခဲ့တာကတော့ “Happy Birthday Mee Layy ရေ  ဘဝရဲ့ အဆိုးဆုံးဆိုတဲ့နှစ်တစ်နှစ်ကို အတူတူကျော်ဖြတ်ခွင့် ရခဲ့တဲ့အတွက် ကျေနပ်မိတယ်  ရှေ့လျှောက် အကောင်းဆုံးဆိုတာတွေနဲ့ပဲကြုံရပါစေ  koko love you more and more. ” လို့ ချစ်စဖွယ်ရေးသားခဲ့တာပဲဖြစ်ပါတယ်။ ပရိတ်သတ်တွေအနေနဲ့လည်း သူ့ရဲ့ မွေးနေ့ဆုတောင်းနဲ့ဗီဒီယိုလေးကိုကြည့်ရှုပြီး သူတို့နှစ်ဦးကြားက ထားရှိတဲ့ ချစ်ခြင်းမေတ္တာတွေကို အားကျနေကြတာပဲဖြစ်ပါတယ်။အရမ်းကိုကံကောင်းတဲ့ မနန်းသူဇာ တစ်ယောက် ခုမွေးနေ့မှနောင်နှစ်ပေါင်းများစွာ ခုထက်ပိုအောင်မြင်ပြီး ချစ်ခင်ရတဲ့သူတွေနဲ့ ဘဝကိုကျန်းကျန်းမာမာ ပျော်ပျော်ရွှင်ရွှင်နဲ့ ဖြတ်သန်းနိုင်ပါစေလို့ဆုတောင်းပေးလိုက်ရပါတယ်။ကိုကျော်ထွဋ်ဆွေ မွေးနေ့ဆုတောင်းအနေနဲ့ တင်လာတဲ့ဗီဒီယိုလေးကိုလည်း ပရိတ်သတ်အနေနဲ့ပြန်လည်ကြည့်ရှုခံစားလို့ရအောင် ဖော်ပြပေးလိုက်ရပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Thandar Aung
Thandar Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T