ရိုက်ကူးရေးတွေမရှိတာကြောင့် စားဝတ်နေရေးအတွက် အဆင်ပြေတဲ့ အလုပ်ကို ဝင်လုပ်နေရတဲ့ လူကြမ်းသရုပ်ဆောင် ကိုသန့်စင် - Myanmarload

ရိုက်ကူးရေးတွေမရှိတာကြောင့် စားဝတ်နေရေးအတွက် အဆင်ပြေတဲ့ အလုပ်ကို ဝင်လုပ်နေရတဲ့ လူကြမ်းသရုပ်ဆောင် ကိုသန့်စင်

https://s9.kh1.co/13/13d567cbd724db4be7b2e82e827771a12be175e6.jpeg
အနုပညာရှင်များ
 01-Dec-2021 11am · 2 months ago

ဘယ်ရမလဲ လောကဓံရာ ပန်းရံအလုပ်သမားခေါင်းဆောင်လုပ်လိုက်...

မြန်မာကားတွေထဲမှာ လူကြမ်းအဖြစ်အမြဲပါဝင်နေရတဲ့ သရုပ်ဆောင် ကိုသန့်စင်ကတော့ အမိုက်စားသရုပ်ဆောင်ချက်တွေနဲ့ အတူ ကျရာဇာတ်ကောင်တွေမှာအကောင်းဆုံး၊ အပီပြင်ဆုံး သရုပ်ဆောင်နိုင်ခဲ့တာကြောင့် ပရိတ်သတ်ကြီးတွေရဲ့ ချစ်ခင်အားပေးမှုကို ရရှိထားတာဖြစ်ပါတယ်။ အနုပညာလောကမှာ လူကြမ်းသရုပ်ဆောင်တစ်ယောက်အဖြစ် ရပ်တည်ခဲ့တာ ဆယ်စုနှစ်တစ်ခုကြာခဲ့ပြီပဲဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=608,q=100/d0/d00d3192ac3379e38c1a0ef104a273e46114b155.jpeg
Photo Credit : Thant Sin YT's Facebook Acc
https://s9.kh1.co/__image/w=650,h=367,q=100/70/70b94144cd958124d37e454d2b34934081041b06.jpeg
Photo Credit : Thant Sin YT's Facebook Acc

မြန်မာနိုင်ငံမှာ 2020 လောက်ထဲက ကိုဗစ်လှိုင်းရိုက်ခေတ်မှုတွေကြောင့်ရော၊ 2021 ခုနှစ်မှာလဲ အာဏာသိမ်းမှုတွေဖြစ်ပေါ်ခဲ့တာကြောင့် မြန်မာ့ရုပ်ရှင်ရိုက်ကူးရေးတွေကို အခုချိန်ထိကို ရပ်တည့်ထားရတာ ဖြစ်ပါတယ်။ အခုလိုရိုတ်ကူးရေးတွေ ရပ်နားထားတဲ့ အချိန်ကြီးမှာ ဝင်ငွေနည်းတဲ့ သရုပ်ဆောင်တွေလည်း မိသားစု စားဝတ်နေရေးအတွက် အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရတာလည်း ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=513,h=960,q=100/6a/6ac2a3cf2b3ead5178ac3bbaf1746105ed8ef5c8.jpeg
Photo Credit : Thant Sin YT's Facebook Acc
https://s9.kh1.co/__image/w=650,h=650,q=100/23/23c484d36a7c0f0cbad57d726b46c68b7a57dc05.jpeg
Photo Credit : Thant Sin YT's Facebook Acc

အခုတစ်ခါမှာလည်း လူကြမ်းသရုပ်ဆောင် တစ်ယောက်ဖြစ်တဲ့ ကိုသန့်ဇင်ကတော့ ရိုက်ကူးရေးတွေ နားထားရချိန်မှာ ဝမ်းရေးအတွက် အဆင်ပြေအောင် ပန်းရံလုပ်ငန်းမှာ လုပ်ကိုင်နေပြီး ဘဝရပ်တည်နေရတာလည်းဖြစ်ပါတယ်။သူ့ရဲ့ လူမှုကွန်ယက်ထက်မှာလဲ " ဘယ်ရမလဲ လောကဓံရာ

ပန်းရံအလုပ်သမားခေါင်းဆောင်လုပ်လိုက်တာပေါ့ကွာ😜😁😁 

ပန်းရံသားပေါက် 9000ks

သန်လျက်ကိုင်    13000ks

သန်လျက်ကိုင်ဆိုတာ ဘုရင်ပြောတာမဟုတ်ဘူးနော်

အလုပ်လိုချင်ဆက်သွယ်လိုက်ပါ

ဖုံးပိတ်ထားတယ်😜😁😁" ဆိုပြီး စနောက်ပြီး ရေးသားထားတာလဲ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=488,q=100/9a/9ac214f8dbe89a6f7be483d3f4031029589f196b.jpeg
Photo Credit : Thant Sin YT's Facebook Acc
https://s9.kh1.co/__image/w=650,h=469,q=100/1a/1ade4f604399e5d3bcf6596e744021948f29e889.jpeg
Photo Credit : Thant Sin YT's Facebook Acc
https://s9.kh1.co/__image/w=650,h=479,q=100/aa/aa95ef3820fbce4f895b6d2d051306b770f6255b.jpeg
Photo Credit : Thant Sin YT's Facebook Acc
https://s9.kh1.co/__image/w=650,h=867,q=100/6b/6bb97acf1c65a3dee9d41d545297982e883cf518.jpeg
Photo Credit : Thant Sin YT's Facebook Acc

Source : Thant Sin YT's Facebook Acc

Cherry Nwe Oo
CNO

ဆက်စပ်ဆောင်းပါး