အီဖယ်မျှော်စင်ထက် ကြီးမားတဲ့ ဥက္ကာခဲကြီးဟာ တစ်ပတ်ကျော်အတွင်း ကမ္ဘာပတ်လမ်းထဲသို့ ဝင်ရောက်လာမယ်လို့ NASA မှ သတိပေးလာ

//s9.kh1.co/08/0850113322dd1d30c7b8c9640dc07d1e8be9384a.jpg
နေ့စဉ်သတင်းများ

 ၀၁-ဒီ-၂၀၂၁ ၁၁am · လွန်ခဲ့သော ၂ နှစ် က

.

အီဖယ်မျှော်စင်ထက် ကြီးမားတဲ့ ဥက္ကာခဲ သို့မဟုတ် ဂြိုဟ်သိမ်ဂြိုဟ်မွှားကြီးဟာ တစ်ပတ်ကျော်အတွင်း ကမ္ဘာပတ်လမ်းအတွင်းသို့ ဖောက်ဝင်လာမည်ဖြစ်ကြောင်း NASA မှ သတိပေးလာခဲ့ပါတယ်။ ၁၀၈၂ ပေလောက်ရှိတဲ့ အဆိုပါ ဥက္ကာခဲကြီးဟာ ကမ္ဘာပတ်လမ်းအတွင်းသို့ ဦးတည်လာနေပြီး ဒီဇင်ဘာ (၁၁) ရက်နေ့မှာ ကမ္ဘာကို ကျော်ဖြတ်သွားမယ်လို့လည်း ခန့်မှန်းထားကြပါတယ်။

Photo Credit - Nasa
Photo Credit - Nasa
Photo Credit - Nasa
Photo Credit - Nasa

Nasa ဟာ ၄၉၂ ပေကျော်ရှည်လျားပြီး ကမ္ဘာမှ မိုင်ပေါင်း (၄.၆) သန်းအတွင်း ရောက်ရှိနိုင်တာကြောင့် ဂြိုဟ်သိမ် 4660 Nereus ကို တွေ့မြင်ခဲ့တာပါ။ ဒီ ဥက္ကာခဲကြီးဟာ ကမ္ဘာနဲ့၀င်တိုက်မိရင် ဘေးအန္တရယ် ဖြစ်စေနိုင်လောက်ပေမယ့် ကမ္ဘာမြေကို ဝင်တိုက်မည်ဟု မမျှော်လင့်ထားတာကြောင့် ထိတ်လန့်နေစရာ မလိုဘူးလို့လည်း ဆိုပါတယ်။ အဆိုပါကြီးမားတဲ့ ဥက္ကာခဲကြီးနဲ့ မိုင်ပေါင်း (၂.၄) သန်းအကွာမှာ ရှိနေရန် မျှော်လင့်ထားပြီး ကမ္ဘာနှင့် လကြား အကွာအဝေးထက် (၁၀) ဆခန့်ရှိလောက်ရှိပါတယ်။

Photo Credit - Nasa
Photo Credit - Nasa
Photo Credit - Nasa
Photo Credit - Nasa

အဲ့ဒါကတော့ တော်တော်ဝေးတယ်လို့ထင်ရပေမယ့် ကမ္ဘာနဲ့နီးတဲ့ ဂြိုဟ်သိမ်ဂြိုဟ်မွှားတွေ သွားတဲ့အခါမှာ တကယ်နီးပါတယ်။ Nasa ကတော့ ကမ္ဘာမြေမှ မိုင်ပေါင်း (၁၂) သန်းကျော်အတွင်း ဖြတ်သွားတဲ့ အရာမှန်သမျှကို Earth-Earth Object (NEO) ဟု မှတ်ယူခဲ့ပါတယ်။ မိုင်ပေါင်း ၄.၅၆ သန်းအတွင်း လျင်မြန်စွာ ရွေ့လျားလာတဲ့ အာကာသ အရာဝတ္ထုမှန်သမျှကို သတိထားပြီး Nasa က "အန္တရာယ်ရှိနိုင်တယ်" ဟု သတ်မှတ်ထားခဲ့ပါတယ်။

သတင်း အရင်းအမြစ်Source - New Yort Post

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T