ချီးမြှင့်ငွေ တိုးထားတယ်လို့ဆိုလာပေမယ့် အမြင့်ဆုံးဆု ကျပ်သိန်း (၅၀၀၀) ဆုထိပဲ ဆက်ဖွင့်နိုင်ခဲ့တဲ့ အောင်ဘာလေထီ

//s9.kh1.co/b7/b7c79f049f1fd4db7bd48530c358a2a42dba4a43.jpg
နေ့စဉ်သတင်းများ

 ၀၁-ဒီ-၂၀၂၁ ၁၁am · လွန်ခဲ့သော ၂ နှစ် က

ယခုလအတွက် ထီအုပ်ရေ တိုးမြှင့်ရောင်းချထားခဲ့တဲ့...... (အပြည့်အစုံဖတ်ရန် ပုံ ကိုနှိပ်ပါ)

ယနေ့ ဒီဇင်ဘာ (၁) ရက်နေ့မှာ စစ်ကောင်စီက ဖွင့်တဲ့ (၃၃)ကြိမ်မြောက်ကျပ် တစ်ထောင် တန် အောင်ဘာလေထီသိန်းဆုဖွင့်ပွဲကို ရန်ကုန် အောင်ဘာလေသိန်းဆုဌာနခွဲမှာ ပြုလုပ် ရာ အမြင့်ဆုံးဆုအဖြစ် ကျပ်သိန်းငါးထောင်ဆုသာ ဖွင့်လှစ်ပေးနိုင်ခဲ့ ပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader

စစ်ကောင်စီက အာဏာထိန်းသိမ်းပြီးနောက် ဖေဖော်ဝါရီနောက်ပိုင်း လတွေမှာ ထီအုပ်ရေ တိုးမြှင့်ရောင်းချရပြီး ဆုချီးမြှင့်ငွေကိုလည်းအရင်ထက် (၇၀) ရာခိုင်နှုန်းအထိ တိုးကာ ချီးမြှင့်မယ်လို့ ထုတ်ပြန်ထားခဲ့ပေမယ့် အောင်ဘာလေ ထီအမြင့်ဆုံးဆုကို ကျပ် သိန်း (၅၀၀၀) ဆု ပဲ ဆက်ဖွင့်လှစ်ပေးခဲ့ ကြောင်း အောင်ဘာလေ သိန်းဆုဌာနခွဲရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ယခုဖွင့်လှစ်တဲ့ (၃၃)ကြိမ်မြောက်အောင်ဘာလေထီပွဲမှာတော့ ဆုငွေရဲ့ (၇၀)ရာခိုင်နှုန်းဖြစ်တဲ့ ငွေကျပ် သန်း ( ၁၅၈၆ ဒသမ ၂၂၁ ) ကို ခွဲဝေချီးမြှင့်မှာဖြစ်တယ်လို့လည်းသိရပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader

ယခုနှစ် ဇန်နဝါရီလ အထိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အစိုးရ လက်ထက် အောင်ဘာလေထီဖွင့်ပွဲတွင် အမြင့်ဆုံးဆုငွေအဖြစ် ကျပ် သိန်းပေါင်းတစ်သောင်းခွဲ ဆု အထိ ဖွင့်လှစ်ပေး နိုင်ခဲ့တာ ဖြစ်ပါတယ်။ယခု စစ်ကောင််စီ ကဖွင့်လှစ်တဲ့ (၃၃)ကြိမ်မြောက်အောင်ဘာလေထီဖွင့်ပွဲမှာတော့ ကျပ်သိန်းငါးထောင် (၁) ဆု ၊ သိန်းတစ်ထောင် (၁) ဆု ၊ သိန်းငါးရာ (၂) ဆု ၊ သိန်းနှစ်ရာ (၅) ဆု ၊ သိန်းတစ်ရာ (၇) ဆု ၊ သိန်းငါးဆယ် (၈) ဆု ၊ သိန်းနှစ်ဆယ် (၉) ဆု နှင့် ဆယ်သိန်း (၉) ဆု တို့ကို ချီးမြှင့်သွားမယ်လို့သိရပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader
Thandar Aung
Thandar Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T