မင်္ဂလာ​နေ့မြတ်လေးမတိုင်ခင် မိတ်ဆွေတစ်ဦးဆီကနေ ထင်မှတ်မထားတဲ့ လက်ဖွဲ့ပစ္စည်းလေးကိုခဲ့လို့ ဝမ်းသာကြည်နူးစွာ ထုတ်ပြလာတဲ့ မောင်နဲ့ ရီရီပွင့်ဖြူ

//s9.kh1.co/b4/b481268371e8445ed6cb3a9b558669430adf9d7e.jpg
အနုပညာရှင်များ

 ၀၁-ဒီ-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၂ နှစ် က

.

မောင် နဲ့ ရီရီပွင့်ဖြူ တို့ချစ်သူနှစ်ဦးကတော့ မကြာခင်မှာ ချစ်သူဘဝကနေ တစ်ဆင့်တက်ပြီး ပျော်ရွှင်တဲ့ အိမ်ထောင်တစ်ခုကို ထူထောင်တော့မှာ ဖြစ်ပါတယ်။ ချစ်သူဘဝကို တစ်ယောက်ကိုတစ်ယောက် သစ္စာရှိပြီး မပြောင်းလဲတဲ့ ချစ်ခြင်းမေတ္တာတွေနဲ့ နှစ်လကြာရှည်စွာ ဖြတ်သန်းလာခဲ့တာ ဖြစ်ပါတယ်။ နှစ်ယောက်လုံးကလည်း စိတ်တူကိုယ်တူတွေဖြစ်ပြီး ပျော်ပျော်ပါးပါး နေတတ်တဲ့သူတွေ ဖြစ်တာကြောင့် ပရိသတ်တွေကလည်း ချစ်ခင်အားကျနေရတာပါ။

Photo Credit - SEIN PHYO & YI
Photo Credit - SEIN PHYO & YI
Photo Credit - SEIN PHYO & YI
Photo Credit - SEIN PHYO & YI

ဒီလိုချစ်ခင်အားကျရတဲ့ ချစ်သူနှစ်ဦးကတော့ ပြီးခဲ့တဲ့ရက်ပိုင်းကမှ နှစ်ဦးသဘောတူ လက်ထပ်တော့မယ်လို့ ပရိသတ်တွေကို အသိပေးထားခဲ့ပြီဖြစ်ပါတယ်။ လတ်တလောမှာ မောင်နဲ့ ရီရီပွင့်ဖြူ တို့ဟာ လက်ထပ်ဖို့အတွက် စီစဥ်ဆောင်ရွက်နေကြပြီး မကြာခင်မှာ ကြည်နူးစရာ မင်္ဂလာလက်ထပ်ပွဲလေးကို မြင်တွေ့ရတော့မှာ ဖြစ်ပါတယ်။

Photo Credit - SEIN PHYO & YI
Photo Credit - SEIN PHYO & YI
Photo Credit - SEIN PHYO & YI
Photo Credit - SEIN PHYO & YI

ယခုမှာတော့ မောင်တို့ချစ်သူနှစ်ဦးဟာ မင်္ဂလာ​နေ့မြတ်လေးမတိုင်ခင် လက်ဖွဲ့ပစ္စည်းလေးရခဲ့တာကို ကြည်နူးစွာ ဖော်ပြလာတာ တွေ့ရပါတယ်။ ဒီလက်ဖွဲ့လေးကတော့ မွန်ရိုးရာ ဟင်္သာ​မောင်နှံ ပန်းပု ရုပ်​လေးဖြစ်ပြီး အဝေးရောက်နေတဲ့ မိတ်ဆွေတစ်ဦးက ကြိုတင်လက်ဖွဲ့ပေးခဲ့တာ ဖြစ်ပါတယ်။ မွန်ရိုးရာ ဟင်္သာ​မောင်နှံ ပန်းပု ရုပ်​လေးကို လက်ဖွဲ့ရခဲ့လို့လည်း မောင်တို့ချစ်သူနှစ်ဦးက ပျော်ရွှင်နေရတာ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=600,h=562,q=100/95/95d0e3c253964c12bd6a30369b50fd353af2d8df.jpg

သတင်း အရင်းအမြစ်Source - SEIN PHYO & YI

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T