မွေးနေ့ရက်မြတ်မှာ အလှူလုပ်ရင်း လှချင်တိုင်းလှနေတဲ့ ဖုန်းသီရိကျော်

//s9.kh1.co/9d/9dc1804e58b0bb9f28408b905204f5a4d4e06966.jpg
အနုပညာရှင်များ

 ၀၁-ဒီ-၂၀၂၁ ၁pm · လွန်ခဲ့သော ၂ နှစ် က

.

ဖုန်းသီရိကျော် @ Jenny လေးကတော့ နိုဝင်ဘာ ၂၈ ရက်နေ့ကပဲ အသက် ၂၄ နှစ် ပြည့်သွားခဲ့ပါတယ်။ ဖြူနု လှပလွန်းတဲ့ သူမလေးဟာ ရုပ်ရည်ချောမောရုံတင်မက စိတ်ထားပါ လှပသူတစ်ယောက် ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=867,q=100/76/761760801648e1ef9e1f25a7673a1da7197e6f05.jpg

သူမရဲ့ မွေးနေ့ကို မိဘမဲ့ ဂေဟာလေးမှာ အလှူဒါနပြုရင်း သူငယ်ချင်းများနဲ့ ရိုးရှင်းစွာ ဖြတ်သန်းခဲ့ပါတယ်။ သူမဟာ ကိုယ်တိုင် လှူရုံတင်မဟုတ်ဘဲ ချစ်ရတဲ့ ပရိသတ်တွေပါ ကူနိုင် လှူနိုင်အောင် တိုက်တွန်းခဲ့ပါသေးတယ်။

https://s9.kh1.co/__image/w=650,h=487,q=100/18/1866fe5804fefac3c826a015d65860c0063283c2.jpg

သူမ သွားရောက် လှူဒါန်းခဲ့တဲ့ ဂေဟာလေးကတော့ အမှတ် ၇၀၁၊ တော်ဝင်လမ်း၊ ၃ ရပ်ကွက်၊ ရွှေပြည်သာ မြို့နယ် မှာ တည်ရှိတဲ့ မျိုးဆက်သစ်လူငယ်ဖွံ့ဖြိုးရေး ပရဟိတ ဂေဟာ ဖြစ်ပါတယ်။ အလှူရှင် အမြဲ လိုအပ်နေတာမို့ ပရိသတ်တွေအနေနဲ့ အဆင်ပြေရင် သွားရောက် လှူဒါန်းပေးကြဖို့ Jenny လေးက နှိုးဆော်ထားပါတယ်။

https://s9.kh1.co/__image/w=650,h=488,q=100/96/969f21f130e80c4fd7e5e6e5f94680c141cc0008.jpg

သူမ ကတော့ နေ့လယ်စာ တစ်နပ် လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။ တစ်နပ်ကို ၁၂၀၀၀၀ ကျပ်ကနေ ၁၅၀၀၀၀ ကျပ် ဝန်းကျင် ကျသင့်ပါတယ်လို့ သူမရဲ့ facebook စာမျက်နှာမှာ မျှဝေခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=488,q=100/cc/cca9de31c7642bb59adfcfb407f0e41efceb5a34.jpg

ရိုးရှင်းလှပတဲ့ ချစ်စရာကောင်မလေးရဲ့ ပရဟိတ ပုံရိပ်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ ပရိသတ်များ ကြည့်ရှုရင်း ပီတိဖြစ်နိုင်ကြပါစေ။

https://s9.kh1.co/__image/w=650,h=867,q=100/cf/cfd07536e865b0737ec2016712095eacadc2328a.jpg
Eaint Yadanar Min
Eaint

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T