Netflix ပေါ်က နာမည်ကြီး ထိုင်းဇာတ်လမ်းတွဲများ

//s9.kh1.co/8a/8a42e2f47db517f10b5502e4b6a64cf9abab050c.jpg
ဖျော်ဖြေရေးများ

 ၀၁-ဒီ-၂၀၂၁ ၂pm · လွန်ခဲ့သော ၂ နှစ် က

.

Netflix ဟာ အာရှစျေးကွက်ထဲမှာ မနှစ်ကစပြီး တော်တော်လေးကို နေရာယူလာပါတယ် အာရှမင်းသား မင်းသမီးတွေနဲ့ ပရောဂျက်တွေ ဇာတ်လမ်းထဲက အာရှသားတွေနေရာမှာလည်း အသစ် အာရှသရုပ်ဆောင်တွေကို ခေါ်သုံးတာတွေပါ ခြေလှမ်းစိတ်စိတ်နဲ့ ပြုလုပ်လာပါပြီ အာရှနိုင်ငံတွေမှာ ရှိပြီးသား ဇာတ်လမ်းအလန်းစားတွေနဲ့ ဘတ်ဂျက်ပိုင်းနိုင်တဲ့ Netflix တို့ပေါင်းစပ်လိုက်တဲ့အခါ ကြည့်နေကျ အာရှဇာတ်ကားတွေနဲ့ မတူတဲ့ အသွင်အပြင် ရိုက်ချက်တွေနဲ့ အာရှကားတွေကို တွေ့ရပါတော့တယ် ထိုင်းကားတွေဟာဆိုရင်လည်း ခုအာရှနိုင်ငံတော်တော်များများမှာ နေရာယူနေကြပါပြီ ခု‌တင်ဆက်ပေးမှာကတော့ Netflix  ပေါ်က ထိုင်းဇာတ်ကားတချို့ပါ ဒီကားတွေထဲမှာတော့ Netflix Original ဇာတ်ကားတွေလည်း ပါပြီး Original မဟုတ်တဲ့ ဇာတ်ကားတွေလည်း ပါဝင်ပါတယ် 

2gether

2gether 
2gether 

ပထမဆုံးတစ်ခုကတော့ ထိုင်းနိုင်ငံရဲ့ နာမည်အကြီးဆုံး Web series တစ်ခုပါ မြန်မာနိုင်ငံမှာလည်း ပရိသတ်အမြောက်အများကို ရရှိထားတဲ့ ဇာတ်လမ်းတွဲဖြစ်ပါတယ် စာရေးဆရာ JittiRain ရဲ့ ဝတ္ထုကို အခြေခံထားတဲ့ ဒီဇာတ်ကားမှာ Tine ဆိုတဲ့ ကောလိပ်ကျောင်းသားချောလေး တစ်ယောက်ဟာ သူ့ကို အသည်းအသန်လိုက်ကြိုက်နေတဲ့ လူတစ်ယောက်ဆီကနေ သူကိုယ်သူ ကာကွယ်ဖို့ ကောင်လေးတစ်ယောက်ကို သူ့ရည်းစားအဖြစ် ဟန်ဆောင်ပေးဖို့ အကူအညီတောင်းပါတယ် အဲ့လိုနဲ့ နောက်ပိုင်းတော့ သူတို့နှစ်ယောက် နီးစပ်သွားပြီး  အစက ဟန်ဆောင်မူတွေဟာလည်း တဖြည်းဖြည်း အမှန်တကယ်ဖြစ်လာပါတော့တယ် 

Girl From Nowhere

Girl From Nowhere
Girl From Nowhere

တလောက မြန်မာနိုင်ငံမှာလည်း အရမ်းနာမည်ကြီးခဲ့တဲ့ Girl From Nowhere ဇာတ်ကားထဲမှာ‌တော့ ကျောင်းခဏခဏ ပြောင်းရပြီး နားလည်ရခက်ခဲတဲ့ Nanno ဆိုတဲ့ ကောင်မလေးတစ်ယောက်အကြောင်းပါ ဇာတ်လမ်းတစ်ခုလုံး သူပြောင်းခဲ့တဲ့ ကျောင်းတွေရဲ့ မကောင်းသတင်းတွေ ကျောင်းတွင်းမှာ ဖြစ်ပျက်နေတာတွေကို ဖော်ထုတ်ပါတော့တယ် ဒီကားထဲမှာ ခေါင်းပုံဖြတ် အမြတ်ကြီးစားနေတဲ့ ဆရာတွေကနေ အနိုင်ကျင့်တတ်တဲ့ ကျောင်းသားတွေအကြောင်းပါ ပါဝင်ပါတယ် 

The Maid

The Maid
The Maid

ဒီဇာတ်ကားမှာတော့ သရဲခြောက်တဲ့ အိမ်ကြီးထဲက သူဌေးရဲ့ လျှို့ဝှက်ချက်တွေကို ထိန်းသိမ်းပေးရတဲ့ အိမ်ဖော်ကောင်မလေးတစ်ယောက်ရဲ့ အကြောင်းဖြစ်ပါတယ် သူမဟာ တစ်ခုခုကို  လက်စားချေလိုစိတ်တွေလည်း ပြင်းထန်နေသူပါ ဒါပေမဲ့ သူမရဲ့ သွေးကြွေးဆပ်မဲ့ အစီအစဥ်တွေဟာ အိမ်ထဲမှာ နေနေတဲ့ သဘာဝလွန် သတ္တဝါတွေနဲ့ ရင်ဆိုင်ရတဲ့အခါ အရာအားလုံးဟာ သူမစီစဥ်ထားသလို ဖြစ်မလာတော့ပါဘူး

The Stranded

The Stranded
The Stranded

ဆူနာမီဖြစ်ပြီးနောက် ကျောင်းသားအုပ်စုတစ်ခုဟာ ကျွန်းတစ်ကျွန်းပေါ်မှာ ပိတ်မိနေကြပြီး အသက်ဆက်ရှင်ဖို့ ကြိုးစားကြပေမဲ့ ကံမကောင်းစွာပဲ ကျွန်းပေါ်က အမုန်းတရားတွေနဲ့ စွမ်းအားတစ်ခုဟာ သူတို့ဘာလုပ်လုပ် လိုက်နှောင့်ယှက်ပါတော့တယ် Mystery,Horror ဇာတ်ကားတစ်ကား ဖြစ်ပြီး တစ်ကားလုံး ရင်တထိတ်ထိတ်နဲ့ ကြည့်ရမှာပါ

Tootsises & The Fake

Tootsises & The Fake
Tootsises & The Fake

ထိုင်းဟာသကားတွေကို  ကြိုက်ကြတဲ့ လူတွေအတွက် Tootsises & The Fake ဆိုတဲ့ကားက ကွက်တိဖြစ်လောက်မှာပါ ဒီဇာတ်ကားအကြောင်းကတော့ အရေးကြီးတဲ့ အလုပ်တစ်ခုမစခင် Celebrity တစ်ယောက်ကို ဒုက္ခရောက်အောင် လုပ်မိကြပြီး သူတို့ပါ ဒုက္ခရောက်ကြတဲ့ အနုပညာရှင် အုပ်စု တစ်ခုအကြောင်းပါ နောက်တော့ အဲ့ဒီ Celebrity နဲ့တူတဲ့ လူတစ်ယောက်ကို သူ့နေရာမှာ အစားထိုးလိုက်ပြီးနောက်တော့ မရေတွက်နိုင်တဲ့ အလွဲတွေနဲ့ ကံခေမူတွေသာ ဖြစ်လာကြပါတော့တယ်

Aung Pyae Sone
Aung Pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T