မင်္ဂလာပွဲအခမ်းအနားအတွက် ဟိုတယ် ၄၅ လုံးအထိကြိုတင်ငှားထားရတယ်ဆိုတဲ့ ဘောလိဝုဒ် သရုပ်ဆောင် ကသ်နှင့်ဗစ်ကီတို့ စုံတွဲ - Myanmarload

မင်္ဂလာပွဲအခမ်းအနားအတွက် ဟိုတယ် ၄၅ လုံးအထိကြိုတင်ငှားထားရတယ်ဆိုတဲ့ ဘောလိဝုဒ် သရုပ်ဆောင် ကသ်နှင့်ဗစ်ကီတို့ စုံတွဲ

https://s9.kh1.co/d1/d119631d7b049dd6930cc5297170110815edaf36.png
အနုပညာရှင်များ
 01-Dec-2021 2pm · 2 months ago

မင်္ဂလာပွဲအခမ်းအနားအတွက် ဟိုတယ် ၄၅ လုံးအထိကြိုတင်ငှားထားရတယ်ဆိုတဲ့ ဘောလိဝုဒ် သရုပ်ဆောင် ကသ်နှင့်ဗစ်ကီတို့ စုံတွဲ

နာမည်ကြီးဘောလိဝုဒ်သရုပ်ဆောင်မင်းသမီး ကသ်ရီနားဟာ သူမထက် အသက် ၅ နှစ်ငယ်တဲ့ ဘောလိဝုဒ်မင်းသား ဗစ်ကီနဲ့ အခု ဒီဇင်ဘာလထဲမှာ လက်ထပ်တော့မှာဖြစ်ပါတယ်။ နာမည်ကြီး ဘောလိဝုဒ်သရုပ်ဆောင်နှစ်ယောက်ရဲ့ ခမ်းနားတဲ့မင်္ဂလာပွဲကြီးဖြစ်တာကြောင့် မင်္ဂလာပွဲအတွက် နေ့စဉ်နေ့တိုင်းပြင်ဆင်မှုတွေကို အသေးစိတ်က အစ ပရိသတ်တွေက စိတ်ဝင်စားနေကြပါတယ်။

အခုတစ်ခေါက်မှာလည်း ကသ် နှင့် ဗစ်ကီတို့ မင်္ဂလာပွဲကို ကြွရောက်ချီးမြှင့်လာကြမယ့် မိတ်သဟာရတွေကို တည်ခင်းဧည့်ခံဖို့ ရာဂျစ္စတန်ပြည်နယ်မှာ ဟိုတယ် ၄၅ လုံးတောင် ကြိုတင်ငှားရမ်းထားရတယ်လို့ သိရပါတယ်။

https://s9.kh1.co/__image/w=650,h=488,q=100/9b/9bca05d8a0c74e74f33aede49cbebd73d0bb2f57.jpg
Google

ခမ်းနားကြီးကျယ်တဲ့ မင်္ဂလာပွဲကို ဒီဇင်ဘာလ၉ ရက်နေ့မှာ ကျင်းပမှာဖြစ်ပါတယ်။ ဇနီးမောင်နှံနှစ်ဦးရဲ့ မိဘဆွေမျိုး မိတ်သင်္ဂဟတွေနဲ့ နှစ်ဦးနှစ်ဖက် အပေါင်းအသင်းအသိမိတ်ဆွေတွေကို ကောင်းမွန်စွာ ဖိတ်ကြားဧည့်ခံနိုင်ဖို့ မင်္ဂလာပွဲကို  သုံးပွဲကျင်းပသွားမယ်လို့လည်းသိရပါတယ်။

https://s9.kh1.co/__image/w=650,h=488,q=100/c6/c6582c2175293964d5b2e04a084b66541e9c9213.jpg
Google

လက်ရှိမှာ မင်္ဂလာဇနီးမောင်နှံလောင်းတွေဖြစ်ကြတဲ့ ကသ်နှင့်ဗစ်ကီတို့လည်း အရမ်းကို အလုပ်တွေရှုပ်နေကြပါတယ်။

https://s9.kh1.co/__image/w=650,h=366,q=100/d1/d119631d7b049dd6930cc5297170110815edaf36.png
Google

မင်္ဂလာပွဲကို ရှာရွတ်ခန်းအပါအဝင် အခြားနာမည်ကြီး ဘောလိဝုဒ်သရုပ်ဆောင်များစွာလည်း တတ်ရောက်မယ်လို့ ထွက်ပေါ်လာတဲ့ သတင်းတွေအရ သိရှိရပါတယ်။

Hsu Sandar Aung
Maria Emily Hsu

ဆက်စပ်ဆောင်းပါး