တိရစ္ဆာန်တွေ ြဖတ်သန်းသွားလာမှုကြောင့် ကားလမ်းတွေပိတ်တာကို သင့်အနေနဲ့ကြားမှာပါ။ ခုဆိုရင်လည်း ကဏန်းနီသန်းပေါင်းများစွာ ရွှေ့ပြောင်းနေထိုင်မှုကြောင့် ဩစတြေးလျကျွန်းတစ်ကျွန်းတွင် အမြန်လမ်းများနှင့် လမ်းများကို ပိတ်ခဲ့ရပါတယ်။ ခရစ္စမတ်ကျွန်းရဲ့ ကဏန်းနီများဟာ ဆောင်းဦးရာသီတိုင်း ကျွန်းပေါ်ရှိ သူတို့ရဲ့နေအိမ်များမှ ပင်လယ်ထဲသို့ ရွှေ့ပြောင်းနေထိုင်ကကြပါတယ်။
ဒါကြောင့် ခရီးသွားတိရစ္ဆာန်များကို ယာဉ်အန္တရာယ်မှ ကာကွယ်ရန်အတွက် အဝေးပြေးလမ်းများနှင့် လမ်းအများအပြားကိုလည်း ပိတ်ထားခဲ့ကြရပါတယ်။ ကဏန်းများ သွားလာမှုကို ရှောင်ရှားရန် ကဏန်းအသုံးပြုသည့် အထူးတံတားများဖြင့် ဖွင့်လှစ်ထားဆဲဖြစ်ပြီး ကျန်လမ်းများကို ဖြတ်သန်းသွားလာမှုမပြုမီ အခြားလမ်းများကို လုပ်သားများဟာ ထွန်တုံးများဖြင့် ရှင်းလင်းထားခဲ့ကြပါတယ်။ ကျွန်းပေါ်တွင် ရိုက်ကူးထားသော ဗီဒီယိုများတွင် လမ်းသွားလမ်းလာများနှင့်အတူ ကဏန်းအများအပြား လမ်းလျှောက်နေသည်ကို ပြသထားပါတယ်။
" Merry Crabsmas " လို့ လူတစ်ယောက်ဟာ ရွှေ့ပြောင်းသွားလာနေသော တိရစ္ဆာန်များရဲ့ ဗီဒီယိုကို ဖော်ပြထားတဲ့ Facebook ပို့စ်တွင် တုံ့ပြန်ခဲ့ပါတယ်။ ကဏန်းအမြောက်အမြား ပို့ဆောင်သည့်အချိန်တွင် အချို့သောနေထိုင်သူများဟာ သူတို့ရဲ့ ရပ်ကွက်ထဲမှာ တစ်ရက်ကြာသောင်တင်နေခဲ့ကြောင်း Parks Australia မှတွစ်တာတွင် ရေးသားဖော်ပြခဲ့ပါတယ်။ ကဏန်းတွေမိသားစလိုက်ကြီး ရွေးပြောင်းနေထိုင်ကြတာ ပျော်စရာကောင်းခဲ့ကြမှာပဲ။