မြန်မာပြည်တွင် တစ်ရက်တည်း ကိုဗစ် - ၁၉ အတည်ပြု လူနာ ၅၂၁ ဦးတွေ့ရှိ

//s9.kh1.co/df/df3471e3f9f32db5e5c7078d7b64ec975bc00007.jpg
နေ့စဉ်သတင်းများ

 ၀၃-ဒီ-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၂ နှစ် က

မြန်မာပြည်တွင် တစ်ရက်တည်း ကိုဗစ် - ၁၉ အတည်ပြု လူနာ ၅၂၁ ဦးတွေ့ရှိ

မြန်မာနိုင်ငံမှာ ကိုဗစ်လူနာစစ်ဆေးတွေ့ရှိမှုတွေအရ အတည်ပြုလူနာ ၅၂၁ ဦးထပ်မံတွေ့ရှိခဲ့ပြီး ၉ ဦးသေဆုံးသွားပြီလို့ ယမန်နေ့ ဒီဇင်ဘာလ ၂ ရက်နေ့က ကြေညာချက်အရ သိရှိရပါတယ်။ ဒီအချက်အလတ်တွေဟာ စစ်ကောင်စီလက်အောက်ခံ တပ်မတော်ဆေးရုံတွေမှာ အများစုမှာ စစ်ဆေးတွေ့ရှိခဲ့တာဖြစ်တာကြောင့် မြေပြင်မှာ အတည်ပြုလူနာတွေအရေအတွက်တွေ ပိုပြီးများလာနိုင်ပါတယ်။

MOHM
MOHM

ကမ္ဘာပေါ်မှာ ကိုဗစ် - ၁၉ ပိုးရဲ့ မျိုးကွဲဗိုင်းရပ်စ် တစ်မျိုး ဖြစ်တဲ့ အိုမီခရွန် ဟာလည်း စတင်ပြန့်နှံ့လျှက်ရှိနေပြီပဲဖြစ်ပါတယ်။ မြန်မာနိုင်ငံကိုတော့ အိုမီခရွန်ဗိုင်းရပ်စ် မဝင်ရောက်လာနိုင်သေးပေမယ့် အိမ်နီးချင်းနိုင်ငံတွေဆီကို ရောက်ရှိလာပြီဆိုရင်တော့ မြန်မာ နိုင်ငံကိုရောက်ရှိလာဖို့ ဖြစ်နိုင်ခြေတော်တော်လေးများပါတယ်။

Google
Google

အိုမီခရွန်ဟာဆိုရင် ကိုဗစ်-၁၉ ကနေ အဆင့် ၅ ဆင့်အထိ ကွဲလာတဲ့ မျိုးကွဲဗိုင်းရပ်စ်ဖြစ်တာကြောင့် ကာကွယ်ဆေးမတိုးဘူးလို့ သိရပါတယ်။ အာရှနိုင်ငံတွေဖြစ်တဲ့ တောင်ကိုရီးယားနိုင်ငံမှာလဲ ကာကွယ်ဆေး နှစ်ကြိမ်ထိုးပြီးသားနဲ့ ရောဂါပိုးကူးစက်နေတဲ့သူတွေ အများကြီးပါပဲ။

Google
Google

ဒါကြောင့် ကာကွယ်ဆေးထိုးပြီးသွားရင်လည်း ကိုဗစ် - ၁၉ ကို မပေါ့ဆဘဲ မဖြစ်ခင်ထဲက ကိုယ့်ဘာသာကိုယ် ကြိုတင်ကာကွယ်ထားသင့်ပါတယ်နော်။ ဘယ်သွားသွား Mask တပ်ပြီးသွားကြပါ။ ပြည်သူတွေမှာ ပြည်သူတွေပဲရှိလို့ ကြိုတင်ပြီးကာကွယ်ထားရပါမယ်နော်။

Hsu Sandar Aung
Maria Emily Hsu

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T