ဆူဇူကီးဖလား အဖွင့်ပွဲစဥ်ကို အိမ်ရှင် စင်ကာပူအသင်းနဲ့ ယှဥ်ပြိုင်ကစားရမယ့် မြန်မာ့လက်ရွေးစင်အသင်း

//s9.kh1.co/0d/0d26b8c840fe01148048e750d72b0018188cb9c4.jpg
အားကစားသတင်းများ

 ၀၅-ဒီ-၂၀၂၁ ၅pm · လွန်ခဲ့သော ၂ နှစ် က

.

စင်ကာပူနိုင်ငံမှာ ကျင်းပမည့် ဆူဇူကီးဖလား ၂၀၂၀ ပြိုင်ပွဲဝင် မြန်မာ့လက်ရွေးစင် အသင်းကတော့ ဒဏ်ရာပြသနာတွေ ၊ ကိုရိုနာဗိုင်းရပ်စ်သံသယဖြစ်မှုတွေကြောင့် လူစာရင်းထုတ်ပြန်ဖို့ နှောင့်နှေးခဲ့ရပြီး ပြိုင်ပွဲမတိုင်မီ ဒီဇင်ဘာ (၄)ရက် ညပိုင်းမှသာ အပြီးသတ်စာရင်းကို ထုတ်ပြန်နိုင်ခဲ့ပါတယ်။ ဒီပြိုင်ပွဲဟာ ၂၀၂၀ ခုနှစ်မှာ ယှဥ်ပြိုင်ရမှာဖြစ်ပေမယ့် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရွှေ့ဆိုင်းခဲ့ရပြီး ယခုနှစ်မှာသာ ယှဥ်ပြိုင်ခဲ့ရတာ ဖြစ်ပါတယ်။ အစောပိုင်းသတင်းအရ မြန်မာ့လက်ရွေးစင် အသင်းဟာ အရင်ဆုံး ကိုရိုနာဗိုင်းရပ်စ်နဲ့ ရင်ဆိုင်နေရပြီး တိုက်စစ်မှုး သန်းပိုင်ဟာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံနေရသလို ကျန်ကစားသမားတစ်ချို့လည်း ဒဏ်ရာရရှိနေကြပါတယ်။

Photo Credit - MFF
Photo Credit - MFF

ဒူးဒဏ်ရာ ရရှိနေသည့် ကွင်းလယ်လူ မျိုးကိုထွန်းကို ယမန်နေ့က မြန်မာနိုင်ငံသို့ ပြန်လည်စေလွှတ်ခဲ့ပြီး လက်ရှိအပြီးသတ် စာရင်းမှာ စုစုပေါင်း ကစားသမား (၂၇) ဦးသာ ပါဝင်ခဲ့တယ်လို့ သိရပါတယ်။ နည်းပြချုပ် အန်တွမ်နီဟေးရဲ့ ထုတ်ပြန်ကြေညာခဲ့တဲ့ ယင်းကစားသမား (၂၇) ဦးမှာ (ဂိုး)- ပြည့်ဖြိုးအောင်၊ မျိုးမင်းလတ်၊ စိုးအာကာ၊ ပြည့်ဖြိုးသူ ဖြစ်ပြီး (နောက်တန်း)– ဒေးဗစ်ထန်၊ ဇော်ရဲထွန်း၊ ငြိမ်းချမ်း၊ ရဲမင်းသူ၊ ဟိန်းဖြိုးဝင်း၊ ဝင်းမိုးကျော်၊ လာဒင်မောရာ၊ နေမိုးနိုင်၊ အောင်ဝဏ္ဏစိုး (ကွင်းလယ်)– မောင်မောင်လွင်၊ မောင်မောင်ဝင်း၊ အောင်နိုင်ဝင်း၊ လှိုင်းဘိုဘို၊ ကောင်းထက်စိုး၊ ရန်နိုင်ဦး၊ လွင်မိုးအောင်၊ ထက်ဖြိုးဝေ၊ မြတ်ကောင်းခန့်၊ ဆမ်လန်မန်၊ ဟိန်းထက်အောင် (ရှေ့တန်း)- သန်းပိုင်၊ အောင်ကောင်းမာန်၊ ဝင်းနိုင်ထွန်း တို့ပါဝင်တာ တွေ့ရပါတယ်။

Photo Credit - MFF
Photo Credit - MFF

မြန်မာ့လက်ရွေးစင် အသင်းဟာ အုပ်စု(က)မှာ ထိုင်း ၊ ဖိလစ်ပိုင် ၊ အရှေ့တီမော ၊ စင်ကာပူ တို့နဲ့ ကျရောက်ခဲ့ပြီး အဖွင့်ပွဲစဥ်ကို အိမ်ရှင် စင်ကာပူ အသင်းနဲ့ ဒီဇင်ဘာ (၅) ရက် ယနေ့ည(၇)နာရီမှာ ယှဥ်ပြိုင်ကစားရမှာဖြစ်ပါတယ်။ အိမ်ရှင်အသင်း စင်ကာပူကို ယှဥ်ပြိုင်ဖို့ အဖက်ဖက်ကဖိအားဒဏ်ခံနေရတဲ့ မြန်မာအသင်းအဖို့ ဒီပြိုင်ပွဲကို ဘယ်လိုယှဥ်ပြိုင်မှာလဲဆိုတာကတော့ စောင့်ကြည့်သွားရမှာပါ။

Photo Credit - MFF
Photo Credit - MFF

သတင်း အရင်းအမြစ်Source - MFF

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T