သမ္မတကြီး ဦးဝင်းမြင့် နှင့် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့အား စစ်ကောင်စီက အမိန့်ချမှတ်

//s9.kh1.co/4b/4b925e9c44efbe83e7a9b0bad6ecbb0ebe941673.jpg
နေ့စဉ်သတင်းများ

 ၀၆-ဒီ-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၂ နှစ် က

ဒီဇင်ဘာ(၆)ရက်နေ့သို့ရွှေ့ဆိုင်းထားခဲ့တဲ့.... (အပြည့်အစုံဖတ်ရန် ပုံ ကိုနှိပ်ပါ)

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် နှင့် သမ္မတကြီး ဦးဝင်းမြင့်တို့ဟာ လက်ရှိမှာ စစ်ကောင်စီရဲ့ ဖမ်းဆီးထိန်းသိမ်းခြင်းကို ခံနေကြရတာပဲဖြစ်ပါတယ်။ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဝင်းမြင့်တို့ရဲ့ အမှုစီရင်ချက် ကို ယနေ့ဒီဇင်ဘာ(၆)ရက်နေ့သို့ ရွှေ့ဆိုင်းခဲ့တာဖြစ်ပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader

အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် သမ္မတကြီးတို့ရင်ဆိုင်နေရတဲ့အမှုတွေထဲမှ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅ နဲ့စွဲဆိုခံထားရတဲ့အမှုနဲ့ ပုဒ်မ ၅၀၅(ခ)တို့အတွက် ဒီကနေ့ ဒီဇင်ဘာ (၆) ရက်မှာ နေပြည်တော်အထူးတရားရုံးမှာ အပြီးသတ်အမိန့်ချမှတ်လိုက်တာပဲဖြစ်ပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader

ဒေါ်အောင်ဆန်းစုကြည်ကို ၅၀၅ (ခ) အမှုအတွက် (၂) နှစ် နဲ့ သဘာဘေးစီမံ ပုဒ်မနဲ့ (၂) နှစ်စီ ၊ စုစုပေါင်း(၄)နှစ် ချမှတ်ခဲ့တာဖြစ်ပြီးအလားတူ သမ္မတဦးဝင်းမြင့်ကိုလည်း ၅၀၅ (ခ) နဲ့ (၂)နှစ် နဲ့ သဘာဘေးစီမံ ပုဒ်မနဲ့ (၂) နှစ်စီ ချမှတ်ခဲ့တာဖြစ်ပါတယ်။ဒေါက်တာမျိုးအောင် ကိုလည်း ၅၀၅ (ခ) နဲ့ (၂)နှစ် ချမှတ်ခဲ့ပါတယ်။ အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သက်တော်စောင့် ချယ်ရီထက်ကိုတော့ ပုဒ်မ-၅၀၅(က) နဲ့ တရားစွဲဆိုထားတာဖြစ်ပြီး သူမကို နေပြည်တော် အချုပ်ထောင်တွင်း တရားရုံးမှာ စစ်ဆေးမယ့် တတိယမြောက် ရုံးချိန်းကို ဒီဇင်ဘာ (၉) ရက်မှာချိန်းဆိုခဲ့တယ်လို့ဆိုပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader
Thandar Aung
Thandar Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T