ပေါ်လစီ အဆိုပြိုင်ပွဲမှာ သူ့သီချင်းကို အသုံးမပြုဖို့ တေးရေး မင်းချစ်သူက မေတ္တာရပ်ခံ

//s9.kh1.co/48/486efd8cd04580af4ddf2ba354f111cebe3e1b51.jpg
အနုပညာရှင်များ

 ၀၆-ဒီ-၂၀၂၁ ၁pm · လွန်ခဲ့သော ၂ နှစ် က

.

လာမယ့် ဖေဖော်ဝါရီ ၁၂ ရက်နေ့ဆိုရင် ၇၅ နှစ်မြောက် ပြည်ထောင်စုနေ့ ကျရောက်လာပါပြီ။ စစ်ကောင်စီက ပြည်ထောင်စုနေ့ အထိမ်းအမှတ် သီချင်းဆို ပြိုင်ပွဲ ပြုလုပ်မည်ဖြစ်ကြောင်း နိုင်ငံပိုင်သတင်းစာမှာ ကြေညာခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=1148,q=100/e9/e9a89d2c8b48985f8bba11f21d0546b583c5bc7d.jpg

အဆိုပါ ပြိုင်ပွဲမှာ သီဆို ယှဥ်ပြိုင်မယ့်  သီချင်းတွေရဲ့ ဖန်တီးသူ တေးရေးဆရာများနဲ့ မူရင်းအဆိုရှင်များကို မူပိုင်ခွင့်ဆိုင်ရာ မေတ္တာရပ်ခံကြောင်း ဒီနေ့မြန်မာ့အလင်းသတင်းစာမှာ ဖော်ပြခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=410,q=100/f5/f56ffdd04df971f4c5b3dfb4c5b73afbfbd437d7.jpg

တိုင်းပြည်နဲ့ အဝှမ်း ပြည်သူတွေ စိတ်မကြည်နူးနေရတဲ့အချိန်၊ အဆင်မပြေကြတဲ့ အချိန်မျိုးမှာ လုပ်တဲ့ သီချင်းဆို ပြိုင်ပွဲအတွက် သူ့ရဲ့ ကိုယ်ပိုင်လက်ရာ "အသည်းကွဲမြို့တော်" သီချင်းကို အသုံးမပြုပါနဲ့လို့ တေးရေး မင်းချစ်သူက သူ့ရဲ့ facebook စာမျက်နှာမှာ မေတ္တာရပ်ခံခဲ့ပါတယ်။

https://s9.kh1.co/__image/w=640,h=320,q=100/d6/d6fcdfe78f281a9164c3d2763996d5c803ba6a29.jpg

အသည်းကွဲမြို့တော် သီချင်းကို တေးရေး မင်းချစ်သူ ရေးပြီး အဆိုတော် ဂျေမောင်မောင်က သီဆိုခဲ့ပါတဟ်။

Eaint Yadanar Min
Eaint

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T