ဒီဇင်ဘာလ (၅)ရက်နေ့ မနက်ပိုင်းက ကြည့်မြင်တိုင်မြို့နယ်၊ ပန်းပင်ကြီးလမ်းတွင် ငြိမ်းချမ်းစွာဆန္ဒပြနေသည့်သပိတ်စစ်ကြောင်း ကားတိုက်ဖြိုခွင်းခံရတဲ့ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး ပြည်သူလူထုက ဝမ်းနည်းကြေကွဲနေကြတာပဲဖြစ်ပါတယ်။
အဆိုပါသတင်းက နိုင်ငံတကာ သတင်းတွေရဲ့ ခေါင်းကြီးမှာ ဖော်ပြခံထားရတဲ့ ပုံလေးတွေကို ကိုမင်းနိုင်က ကဗျာလေးတစ်ပုဒ်စပ်ပြီး ရေးသားထားတာ ဖြစ်ပါတယ်။ ဒါရိုက်တာ သည်ခေတ်နေက ကားဘရိတ်ပေါက်တယ်ဆိုပြီးဖုံးကွယ်လို့မရဘူးဆိုတဲ့ အကြောင်းကို ကိုမင်းကိုနိုင် ရေးသားထားတဲ့ ကဗျာလေးနဲ့ ပြန်လည်မျှဝေထားတာပဲ ဖြစ်ပါတယ်။
" “တင်ကူးကြံစည်လူသတ်ပွဲကို ကားဘရိတ်ပေါက်တယ်ပြောပြီး ဖုံးကွယ်လို့မရတော့ဘူး။
ပြည်သူ”ညီ”လို့ ကမ္ဘာကြီးမှာ ပဲ့တင်မြည်နေပြီ”
#
#
အိုတရားရှင်...
လူသာမန်တို့ စိတ်နှင့်ပင်
မကြံစည်ဝံ့သော
ရက်စက်ရိုင်းစိုင်းမှုအား
မည်သည့်လက်နက်အင်အား
ဥာဏ်နီဥာဏ်နက်
အမိန့်နှင့်နှုတ်ထွက်စကားတို့ကြောင့်မျှ
ရှင်သန်ခွင့်မပြုပါနှင့် ။
.
ယုတ်မာညစ်ထေးမှုတို့၏
ရဲတိုက်သည်
မည်မျှ လုံခြုံခိုင်ခံ့သည်ဖြစ်စေ
မှန်သော တရားစီရင်ခြင်းက
သိမ်းပိုက်နှိမ်နင်းနိုင်ပါစေ။
.
အိုတရားရှင်...
သစ္စာမြှားသည်
သမာဓိလေးညှို့မှ
ဖြောင့်မှန်စွာ ထွက်ပြီး
အဓမ္မပြုသူထံ
ကောင်းစွာထိမှန်ပါစေသတည်း....။ ။" ဆိုပြီး သူရဲ့လူမှုကွန်ယက်ထက်မှာ ပြန်လည်မျှဝေရေးသားထားတာပဲ ဖြစ်ပါတယ်။
Source: Min Ko Naing’s FB Acc