တရုတ်နိုင်ငံသမိုင်းကနေ ဖယ်ရှားခံလိုက်ရတဲ့ ရွှေမင်းသမီး ဇာတ်လမ်းထဲမှ မင်းသမီး ကျောက်ဝေ

//s9.kh1.co/1c/1c7d5a5e2baeb6dbb39757a3d2ed7d723265591e.jpg
အနုပညာရှင်များ

 ၀၆-ဒီ-၂၀၂၁ ၄pm · လွန်ခဲ့သော ၂ နှစ် က

တရုတ်နိုင်ငံသမိုင်းကနေ ဖယ်ရှားခံလိုက်ရတဲ့ ရွှေမင်းသမီး ဇာတ်လမ်းထဲမှ မင်းသမီး ကျောက်ဝေ

ငယ်ငယ်တုန်းက ကြည့်ခဲ့ရတဲ့  ရွှေမင်းသမီး တရုတ်ဇာတ်လမ်းတွဲထဲက ဟွမ်ကျူးကော်ကော်(ခေါ်) ရှောင်ယဲ့ကျီ အဖြစ်ပါဝင်သရုပ်ဆောင်ခဲ့တဲ့ ကျောက်ဝေဟာ တရုတ်နိုင်ငံရဲ့ ကွန်မြူနစ်ဆန်ဆန် ယူဆချက်များကြောင့် တရုတ်နိုင်ငံသမိုင်းကနေ ဖျောက်ဖျက်ခံလိုက်ရတဲ့သူဖြစ်ပါတယ်။ ကျောက်ဝေဟာ သရုပ်ဆောင် ၊ အဆိုတော် ၊ဒါရိုက်တာဖြစ်သလို ဘီလီယံပေါင်းများစွာ ကြွယ်ဝ ချမ်းသာတဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်လည်းဖြစ်ပါတယ်။

ကျောက်ဝေဟာ ၁၉၈၈ ခုနှစ်တုန်းက ထုတ်လွှတ်ခဲ့တဲ့ စီးရီးတစ်ခုဖြစ်တဲ့ “My Fair Princess” (ရွှေမင်းသမီး) ဇာတ်လမ်းတွဲနှင့် စတင်နာမည်ကြီးလာခဲ့တဲ့သူဖြစ်ပါတယ်။ ရွှေမင်းသမီးဇာတ်လမ်းတွဲရိုက်ကူးအပြီးမှာပဲ သူမပါဝင်သရုပ်ဆောင်ခဲ့တဲ့ ဇာတ်လမ်းတွေကအများကြီးပါပဲ။ ကျောက်ဝေဟာ ၂၀၀၉ ခုနှစ်တုန်းက လည်း မူလန်ဇာတ်လမ်းထဲမှာ မူလန်အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့ပါသေးတယ်။ ကျောက်ဝေးဟာ တရုတ်ပြည်ရဲ့ ရုပ်ရှင်ဘုရင်မတစ်ယောက်ဆိုရင်လည်း မမှားပါဘူး။ ရုပ်ရှင်ဇာတ်လမ်းတွေအများကြီးမှာ ပါဝင်သရုပ်ဆောင်ခဲ့ဖူးတဲ့ ကျောက်ဝေဟာ စီးပွားရေးလုပ်ငန်းတွေမှာလည်း ပြိုင်စံရှားအောင်မြင်တဲ့ သူတစ်ယောက်ပါ။

Google
Google

အဘက်ဘက်မှာ ထူးချွန်နေတဲ့ကျောက်ဝေးတစ်ယောက် ၂၀၁၆ ခုနှစ်တုန်းက သူမရိုက်ကူးခဲ့တဲ့ ဇာတ်လမ်းထဲ ထိုင်ဝမ်သရုပ်ဆောင်တစ်ယောက်ကို အဓိကသရုပ်ဆောင်အဖြစ် ထည့်သွင်းရိုက်ကူးမိရာမှစတင်ကာ တရုတ်နိုင်ငံ အင်တာနက် အသုံးပြုသူများက သူမကို ထိုင်ဝမ်လွတ်လပ်ရေးအတွက် အားပေးထောက်ခံနေတဲ့သူလို့ စွပ်စွဲခဲ့ကြပါတယ်။

Google
Google

ထိုင်ဝမ်လူမျိုးကို အဓိကသရုပ်ဆောင်အဖြစ် ထည့်သုံးခဲ့မိတာကြောင့် ကျောက်ဝေကို တရုတ်ကွန်မြူနစ်ပါတီ(CCP) ကလည်း တော်တော်လေး အမြင်မကြည်ဖြစ်သွားခဲ့တာပါ။ ဒီလိုနဲ့ကျောက်ဝေနှင့်သူမရဲ့ ခင်ပွန်းဖြစ်သူတို့ရဲ့ စီးပွားရေးလုပ်ငန်းများကို ရင်းနှီးမြုပ်နှံသူများအား အထင်အမြင်လွဲမှားစေတယ်ဆိုတဲ့ စွပ်စွဲချက်ဖြင့် တရုတ်ပြည်မကြီးစတော့ရှယ်ယာများ ရောင်းဝယ်မှုကို ၅ နှစ်တိတိ တားမြစ်ခံလိုက်ရပါတယ်။

Google
Google

ထို့နောက် တရုတ်ပြည်ရဲ့ ရုပ်သံထုတ်လွှင့်မှုဝက်ဘ်ဆိုဒ်တွေပေါ်က သူမရဲ့ နာမည်တွေအားလုံးကို ဖြုတ်ချခံလိုက်ရပါတယ်။ တရုတ်အစိုးရက ကျောက်ဝေကို တရုတ်ပြည်ရဲ့ အင်တာနက်စာမျက်နှာတွေအားလုံးပေါ်ကနေ ဖြုတ်ချခဲ့ပြီး တရုတ်ပြည်က အနုပညာရှင်စာရင်းထဲမှာ လုံးဝမရှိတော့တဲ့အထိ လုပ်ဆောင်ခဲ့တာပါ။ အခုလို တရုတ်အစိုးရရဲ့ ဆိုးဆိုးရွားရွားလုပ်ဆောင်ချက်တွေနဲ့ပတ်သတ်ပြီး ခိုင်လုံတဲ့အကြောင်းအရာ ရေရေရာရာ မရှိပေမယ့် နိုင်ငံရေးကြောင့်ဆိုတာ တော်တော်များများက သတိထားမိခဲ့ကြပါတယ်။

Google
Google

တရုတ်ကွန်မြူနစ်ပါတီက အခုလိုမျိုး နာမည်ကြီး ဘီလီယံနာအနုပညာရှင်တွေကို တိုက်ခိုက်နေခဲ့တာ ပထမဦးဆုံး အကြိမ်တော့ မဟုတ်တော့ပါဘူး။ မင်းသမီးကျောက်ဝေကတော့ နောက်ဆုံးနစ်နာသူဖြစ်ပြီး နောက်ထပ်လည်း သူတို့မျက်လုံးထဲကြည့်မရတဲ့သူတွေကို ဘယ်လို နှိပ်ကွပ်ဦးမလဲဆိုတာ ဆက်လက်ပြီးစောင့်ကြည့်သွားရဦးမှာဖြစ်ပါတယ်။

Hsu Sandar Aung
Maria Emily Hsu

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T