ရိုးရာဝတ်စုံဆိုတာက နိုင်ငံတစ်နိုင်ငံရဲ့ ဂုဏ်ယူစရာတစ်ခုဖြစ်သလို နိုင်ငံတိုင်းမှာလည်း ကိုယ်ပိုင်ရိုးရာဝတ်စုံလေးတွေ ရှိကြပါတယ်။ ဘယ်လိုခေတ်တွေပဲရောက်ရောက်၊ ဘယ်လိုပဲပြောင်းလဲပြောင်းလဲ ရိုးရာဝတ်စုံဆိုတာက တစ်ချိန်တစ်ခြလောက်မှာ ဝတ်ရလေ့ရှိပါတယ်။ ဝတ်ရတာလွယ်တာမျိုးရှိသလို တစ်ချို့ဝတ်စုံတွေက ခက်ခက်ခဲခဲပြင်ဆင်ရတာမျိုးလည်းရှိပါတယ်။
ထိုင်းနိုင်ငံမှာလည်း ထိုင်းနှစ်သစ်ကူးနေ့ရောက်ရင် ဒေသအလိုက်ကွဲပြားတဲ့ ရိုးရာဝတ်စုံတွေကို ဝတ်ဆင်ပြီး ပျော်ရွှင်စွာဖြတ်သန်းလေ့ရှိပါတယ်။ နိုင်ငံတကာပရိသတ်တွေ ချစ်မြတ်နိုးရတဲ့ ထိုင်းမင်းသမီးချောလေးတွေကလည်းသူတို့နိုင်ငံရဲ့ ရိုးရာဝတ်စုံကိုဆင်မြန်းပြီး လှပကျော့ရှင်းနေကြတာပဲ ဖြစ်ပါတယ်။