လတ်တလောရေပန်းစားနေတဲ့ Snow Drop Drama ဖျက်သိမ်းရန် မလွယ်ကူကြောင်း ပြောကြားလာတဲ့ ဥပဒေပညာရှင် (4)ဦး

//s9.kh1.co/26/2676bf6257be4814a99047d5540865b179c4f228.jpg
ဖျော်ဖြေရေးများ

 ၂၁-ဒီ-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၂ နှစ် က

သိပ်မကြာခင်ကမှ ထုတ်လွှင့်ပြသခဲ့တဲ့ Snow Drop Drama အား...... (အပြည့်အစုံဖတ်ရန် ပုံ ကိုနှိပ်ပါ)

သိပ်မကြာခင်က ထုတ်လွှင့်ပြသခဲ့တဲ့ Snow Drop Drama အား ကိုးရီးယားနိုင်ငံ ရှိ ပရိတ်သတ်အချို့က ဖျက်သိမ်းရန် တောင်းဆိုလာကြပါတယ်။ တောင်းဆိုလာရတဲ့အကြောင်းအရင်းမှာ တောင်ကိုးရီးယားနိုင်ငံရဲ့ နိုင်ငံရေးလှုပ်ရှားမှုသမိုင်းများအား နိုင်ငံတကာကြည့်ရှုသူများက အထင်အမြင်လွဲစေနိုင်တယ်ဆိုတဲ့ ရည်ရွယ်ချက်ကြောင့်ဖြစ်ပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader

သို့ပေမယ့် ထိုသို့ ဖျက်သိမ်းရန် မလွယ်ကူကြောင်းကို ဥပဒေပညာရှင် (4)ဦးက ပြောဆိုသွားခဲ့ကြပါတယ် ။ ဖျက်သိမ်းလို့ မရတဲ့ အဓိကအကြောင်းအရင်းကတော့ ဒီ ဇာတ်လမ်းတွဲ ဟာ စိတ်ကူးယဉ်ဆန်ဆန် ရိုက်ကူးထားတွေ အပြည့်အဝ အလုံအလောက်ပါဝင်နေခြင်း၊ အနုပညာရှင်တစ်ယောက်ရဲ့ လွတ်လွတ်လပ်လပ် ထုတ်ဖော်ပြသမှုကို မျှမျှတတ ဆုံးဖြတ်ပေးခြင်းတွေကြောင့်လို့ သိရှိရပါတယ်။ ဒါကြောင့်မို့ ကြည့်ရှုသူတွေအနေနဲ့ ဒီ ဇာတ်လမ်းတွဲ ဟာ စိတ်ကူးယဉ်သက်သက် လို့ မှတ်ယူထားမယ်ဆိုရင် တရားရုံးက Snow Drop ထုတ်လွှင့်မှုကို ဖျက်ချဖို့ မစွမ်းဆောင်နိုင်သလို ဒီ ဇာတ်လမ်းတွဲထဲမှာ သမိုင်းကြောင်းမှားယွင်းမှု၊ နားလည်မှုလွဲနေတာတွေ မရှိဘူးလို့ ကောက်ချက်ချရမှာပဲ ဖြစ်ပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader

လက်ရှိမှာ ထုတ်လွှင့်နေပြီးဖြစ်တဲ့ အပိုင်း (၁)နဲ့(၂)က အကြောင်းအရာတွေ ကို ကြည့်ရှုထားရုံလောက်နဲ့ ဖျက်သိမ်းဖို့တောင်းဆိုထားတာတွေကိုလက်ခံဖို့မဖြစ်နိုင်ပါဘူး။ ဒါ့အပြင် ထုတ်လွှင့်တဲ့ ကုမ္ပဏီကလည်း “စိတ်ကူးယဉ်သက်သက်မျှသာ”လို့ ဆိုထားတဲ့အတွက် ဖျက်ချဖို့က မဖြစ်နိုင်ဖို့ ရာခိုင်နှုန်းများပါတယ် လို့ ပညာရှင်တွေက ဖြည့်စွက် ပြောကြားသွားပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Thandar Aung
Thandar Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T