မွေးနေ့မှာ ပျော်ရွှင်စရာအမှတ်တရလေးတွေ ဖန်တီးပေးတဲ့ ချစ်သူ Mark Prin ကို ကျေးဇူးတင်စကားဆိုလိုက်တဲ့ Kimberley

//s9.kh1.co/be/be5b151bfdc1cf27ae75f63d8ed7a78799d8922c.jpg
အနုပညာရှင်များ

 ၂၄-ဇန်-၂၀၂၂ ၂pm · လွန်ခဲ့သော ၂ နှစ် က

ယူတို့အတွဲတွေပဲ ရိုနေလိုက်ကြ ..

ထိုင်းTV Ch3 ရဲ့ သရုပ်ဆောင်မော်ဒယ် မင်းသမီး Kimmy Kimberley ကတော့ ထိုင်းဒရမ်မာ ကြည့်တဲ့သူတိုင်း မသိတဲ့မရှိအောင်ကို အောင်မြင်ကျော်ကြားတဲ့သူလေးဖြစ်ပါတယ်။ ထိုင်းနဲ့ ဂျာမန်စပ်ထားတဲ့ ချောမောလှပတဲ့ ကပြားမလေးက လှပတဲ့ရုပ်ရည် ချစ်စရာကောင်းတဲ့ အပြုံးလေးတွေနဲ့အတူ ပီပြင်လှတဲ့ သရုပ်ဆောင်ချက်တွေကြောင့် ပရိတ်သတ်အားပေးမှု အခိုင်အမာရရှိထားတဲ့ ထိပ်တန်းမင်းသမီးချော တစ်ယောက်လည်းဖြစ်ပါတယ်။

Photo Credit : kimmy_kimberley's IG Acc
Photo Credit : kimmy_kimberley's IG Acc
Photo Credit : kimmy_kimberley's IG Acc
Photo Credit : kimmy_kimberley's IG Acc
Photo Credit : kimmy_kimberley's IG Acc
Photo Credit : kimmy_kimberley's IG Acc

Kimmy က ထိုင်းနာမည်ကြီးမင်းသားချော Mark Prin နဲ့ တရားဝင်ချပြထားတဲ့ ချစ်သူတွေဖြစ်ပြီး သူတို့ရဲ့ ချစ်သူသက်တမ်းဟာဆိုရင်လည်း (၈) နှစ်ကျော်ခဲ့ပါပြီ။ သူမတို့ ချစ်သူစုံတွဲလေးဟာဆိုရင်လည်း လိုက်ဖတ်လွန်းလှပြီး ကြည်နူးစရာချစ်သူစုံတွဲလေးလည်း ဖြစ်တာကြောင့် ပရိသတ်တွေက သူတို့ လက်ထပ်မယ့်နေ့ကို စောင့်မျှော်နေကြတာလည်း ဖြစ်ပါတယ်။မင်းသမီးချောလေးဟာ အချစ်ရေးမှာလည်း ကံကောင်းသူတစ်ယောက်ဖြစ်ပြီး မင်းသားချော Mark Prin ကလည်း သူမကို သဲသဲလှုပ်ချစ်ပြတက်သူတစ်ယောက်လည်း ဖြစ်ပါတယ်။

Photo Credit : kimmy_kimberley's IG Acc
Photo Credit : kimmy_kimberley's IG Acc
Photo Credit : kimmy_kimberley's IG Acc
Photo Credit : kimmy_kimberley's IG Acc
Photo Credit : kimmy_kimberley's IG Acc
Photo Credit : kimmy_kimberley's IG Acc

ဇန်နဝါရီလ ၂၂ရက်နေ့မှာ Kimmy လေးက အသက်(၃၀)ပြည့်ခဲ့တာဖြစ်ပြီး သူမရဲ့ မွေးနေ့ပွဲလေးကို Mark Prin နဲ့အတူ သူမချစ်ရတဲ့ မိတ်ဆွေသူငယ်ချင်းတွေနဲ့ အတူကျင်းပခဲ့တာဖြစ်ပါတယ်။ သူမရဲ့မွေးနေ့ပွဲလေးမှာ ပျော်ရွှင်စရာတွေဖန်တီးပေးခဲ့တဲ့ ချစ်သူလေး Mark Prin ကို ”ငါ့နှလုံးသားကို ပျော်ရွှင်အောင်လုပ်ပေးလို့ ကျေးဇူးတင်ပါတယ် Ba bee☺️❤️” ဆိုတဲ့ ကျေးဇူတင်စကားနဲ့အတူ မွေးနေ့မှာပျော်ခဲ့ရတဲ့ အမှတ်တရဓါတ်ပုံလေးတွေကို မျှဝေခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit : kimmy_kimberley's IG Acc
Photo Credit : kimmy_kimberley's IG Acc
Photo Credit : kimmy_kimberley's IG Acc
Photo Credit : kimmy_kimberley's IG Acc
Photo Credit : kimmy_kimberley's IG Acc
Photo Credit : kimmy_kimberley's IG Acc
Photo Credit : kimmy_kimberley's IG Acc
Photo Credit : kimmy_kimberley's IG Acc

Source : kimmy_kimberley's IG Acc

Cherry Nwe Oo
Cherry

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T