ဆံသား နူးညံ့တောက်ပဖို့ လိုက်နာသင့်တဲ့ စည်းကမ်း ၉ ချက်

//s9.kh1.co/40/4065cd5fe0f2c4c1198edaef70f81cfb48d4a9cf.jpg
ကျန်းမာရေးနှင့် အလှအပရေးရာ

 ၂၅-ဇန်-၂၀၂၂ ၁၂pm · လွန်ခဲ့သော ၂ နှစ် က

.

ဆံပင်ဆိုတာ ဒုတိယမျက်နှာလို့ တင်စားရလောက်အောင် လူတစ်ယောက်ရဲ့ ပုံပန်းသွင်ပြင်အတွက် အရေးပါပါတယ်။ ဆံပင်ကောင်းဖို့ဆိုတာကလည်း မိန်းကလေးတိုင်း လိုချင်တဲ့ ကောင်းခြင်းတစ်ခုပါ။ ဒါပေမဲ့ ကောက်လိုက် ဖြောင့်လိုက် ဆေးဆိုးလိုက် Stress တွေ များလိုက်နဲ့ ဆံသားကျိုးကြေပျက်စီးပြီး နှမျောကြရပြန်ပါတယ်။ အဲဒီလိုမဖြစ်အောင် နေ့စဥ်နေ့တိုင်း လိုက်နာသင့်တဲ့ စည်းကမ်း ၉ ချက်ကို ပြောပြသွားပါမယ်။

https://s9.kh1.co/__image/w=542,h=896,q=100/42/42c1b3d94ee067fb41bcde522332629d21e7ed4d.webp

ဒါက ဆံပင်အရမ်းကောင်းလို့ မြင်သူတိုင်း အားကျရတဲ့ Nandini ဆိုတဲ့ ကောင်မလေးက တစ်တော့မှာ ပြောပြခဲ့တဲ့ လျှို့ဝှက်ချက်လေးတွေ ဖြစ်ပါတယ်။ လိုက်လုပ်ဖို့လည်း မခက်တာမို့ အခု ရေပန်းစားနေတဲ့ အကြောင်းအရာလေးပါ။ သူမက နက်မှောင်တောက်ပပြီး ရှည်လျားတဲ့ ဆံနွယ်တွေကို ရရှိဖို့

1. ဦးရေပြားကို တစ်နေ့တစ်ကြိမ် နှိပ်နယ်ပေးပါတယ်

2. ရို့စ်မေရီ ဆီကို တစ်ပတ် ၂ ကြိမ် လိမ်းပါတယ်

သူက ဦးရေပြားမှာ သွေးလည်ပတ်မှု ကောင်းစေလို့ ဆံသားလေးတွေ အားဖြည့်ပေးပြီး ဆံပင်ရှည် မြန်စေပါတယ်တဲ့။

https://s9.kh1.co/__image/w=640,h=959,q=100/6c/6c242b8d4b299262464511ba79099503ed82f8f5.webp

3. ရေနွေးနဲ့ပဲ ရေချိုးပါတယ် 

စိတ်ဖိစီးမှုလည်း နည်းစေတာပေါ့။

4. ဆံပင်ကို အပူပေးရတဲ့ ကိရိယာတွေ ရှောင်ပါတယ်။ (ကောက်၊ ဖြောင့်၊ hair dryer)

5. သေးငယ်တဲ့ ချည်မျှင်လေးတွေနဲ့ လုပ်ထားတဲ့ Microfiber တဘက်နဲ့ ဆံပင်သုတ်ပါတယ်။ ဒါက ရိုးရိုးတဘက်တွေထက် နူးညံ့လို့ပါ။

6. ပိုးသားခေါင်းအုံးစွပ်နဲ့ အိပ်ပါတယ်။ (ဆံသားရဲ့ အဆီဓာတ်ကို ထိန်းသိမ်းပေးတယ်၊ ဆံပင်တွေ မငြိစေဘူး)

7. ဆံပင်အဖျားလေးတွေကို ပုံမှန်တိပေးတယ်

8. ဆံသားအတွက် လိုအပ်တဲ့ အုန်းဆီ၊ Serum တွေ လိမ်းတယ်

9. အခွံမာ အသီး၊ အစေ့အဆန်နဲ့ သစ်သီးဝလံတွေ များများစားတယ်

ဖတ်ကြည့်လိုက်တော့ ဘာမှ မခက်ဘူးနော်။ ဒီနေ့ကစပြီး ဆံသားကောင်းကောင်း ပိုင်ဆိုင်ရဖို့ လိုက်လုပ်ကြည့်လိုက်ပါတော့။

Ref : https://www.thesun.co.uk/fabulous/17363710/hair-expert-nine-rules-grow-hair-strong-long/

Eaint Yadanar Min
Eaint

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T