ရုတ်တရက်ကြည့်လိုက်ရင် မြန်မာမင်းသမီးတစ်ယောက်နဲ့ သွားတူနေတယ်လို့ အစခံနေရတဲ့ BTS အဖွဲ့ဝင် Jungkook ရဲ့ ဆံပင်ပုံစံအသစ်လေး

//s9.kh1.co/19/19b7ff70ee84eaa48c355b2f234057f2beb41fb3.jpg
အနုပညာရှင်များ

 ၂၆-ဇန်-၂၀၂၂ ၂pm · လွန်ခဲ့သော ၂ နှစ် က

ရုတ်တရက်ကြည့်လိုက်ရင် မြန်မာမင်းသမီးတစ်ယောက်နဲ့ သွားတူနေတယ်လို့ အစခံနေရတဲ့ BTS အဖွဲ့ဝင် Jungkook ရဲ့ ဆံပင်ပုံစံအသစ်လေး

တောင်ကိုရီးယားနာမည်ကြီးယောကျာ်းလေးများအဆိုတော်အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ BTS အဖွဲ့ဝင် Jungkook ဟာဆိုရင် ဆံပင်အရှည်လေးနဲ့ ပရိသတ်တွေရှေ့ကို ပြန်လည်ရောက်ရှိလာပြီပဲဖြစ်ပါတယ်။ ဆံပင်အရှည်ပုံစံလေးနဲ့ Jungkook ဟာ အရမ်းကို ချစ်ဖို့ကောင်းနေပြီး အသားလေးကလည်း အရမ်းဖြူတာကြောင့် မျက်နှာလေးက နုနုဖပ်ဖပ်လေးဖြစ်နေပါတယ်။

Rp Celebnews photo
Rp Celebnews photo
Rp Celebnews photo
Rp Celebnews photo

လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တတ်လာတဲ့ Jungkook ရဲ့ ဆံပင်အရှည်ဓာတ်ပုံလေးတွေဟာ ရုတ်တရက်ကြည့် လိုက်ရင် မြန်မာမင်းသမီး ဝတ်မှုန်ရွှေရည်နဲ့တောင် ခပ်ဆင်ဆင်လေး သွားတူနေပါတယ်။ Jungkook က အသားဖြူပြီး မျက်နှာမှာ Mask လေးလည်း တပ်ထားတာကြောင့် ရုတ်တရက်ကြည့်လိုက်တဲ့အချိန်မှာ အခုလို သွားတူနေတာဖြစ်ပါတယ်။ ဒါကြောင့် မြန်မာ ပရိသတ်တွေကလည်း ချစ်စနိုးနဲ့ ဝတ်မှုံရွှေရည်နဲ့တူတယ်ဆိုပြီး စနောက်နေကြတာပဲဖြစ်ပါတယ်။

Rp Celebnews photo
Rp Celebnews photo
Rp Celebnews photo
Rp Celebnews photo
Rp Celebnews photo
Rp Celebnews photo

Jungkook ဟာ BTS အဖွဲ့ဝင်တွေထဲမှာ အငယ်ဆုံး Vocalist လေးတစ်ယောက်ဖြစ်ပါတယ်။ တောင်ကိုရီးယား ပရိသတ်တွေကြားမှာသာမက ကမ္ဘာ့နိုင်ငံကြီးတွေမှာပါ အောင်မြင်မှုရထားတဲ့သူတစ်ယောက်ဖြစ်ပြီး Jungkook ရဲ့ အသက်ကတော့ ၂၄ နှစ်အရွယ်ရှိနေပြီပဲဖြစ်ပါတယ်။ ချစ်ဖို့ကောင်းတဲ့ ကောင်လေးရဲ့ ပုံလေးတွေကို အားလုံးပဲ ကြည့်လို့ရအောင် ဝေမျှပေးလိုက်ပါတယ်နော်။

Google
Google
Hsu Sandar Aung
Maria Emily Hsu

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T