တစ်ခေတ်တစ်ခါက ပီပြင်ပိုင်နိုင်တဲ့သဘာဝဆန်ဆန် သရုပ်ဆောင်ချက်တွေနဲ့ ပရိတ်သတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အပြည့်အဝရရှိထားတဲ့ အနုပညာရှင်ကတော့ ရုပ်ရှင်သရုပ်ဆောင် ဒေါ်သဲနုခိုင်ပဲဖြစ်ပါတယ်။
ရုပ်ရှင်သရုပ်ဆောင်ဒေါ်သဲနုခိုင် ဟာ ယနေ့ ဇန်နဝါရီလ (၂၉) ရက် နံနက် (၁) နာရီ မိနစ် (၅၀) အချိန်က နှလုံးရောဂါဖြင့် ကွယ်လွန်သွားကြောင်း သိရပါတယ်။
သူမဟာ ကွယ်လွန်ချိန်မှာ အသက်(၈၂)နှစ်ရှိပြီဖြစ်ကြောင်းသိရပါတယ်။ သူမရဲ့ ဆုံးရှုံးမှုအပေါ် အနုပညာအသိုင်းအဝိုင်းတင်သာမက ပရိတ်သတ်များကလည်း ဝမ်းနည်းပူဆွေးနေကြတာဖြစ်ပါတယ်။ အမေ ဒေါ်သဲနုခိုင်တစ်ယောက် ကောင်းရာဘုံဘဝသို့ရောက်ရှိပါစေလို့ဆုတောင်းပေးလိုက်ရပါတယ်။