ဂေဟာက သူမရဲ့ထိုင်ခုံကြီးမှာစတိုင်နဲ့ထိုင်ပြီးဇိမ်ကျနေတဲ့ အာကြီးကို နာမည်အသစ်ပေးလိုက်တဲ့ မေမေခိုင်နှင်းဝေ

//s9.kh1.co/b6/b624bb570de6c3cfd5c98922cd672a84dbbe48e1.jpg
အနုပညာရှင်များ

 ၂၉-ဇန်-၂၀၂၂ ၁၁am · လွန်ခဲ့သော ၂ နှစ် က

စတိုင်မလိုင်အပြည့်နဲ့ ချစ်စရာကြီး

ပရိသတ်တွေရဲ့ အချစ်တော် မင်းသမီးကြီး ခိုင်နှင်းဝေရဲ့ ဂေဟာမှ ာခေါ်ယူမွေးစားထားတဲ့ ကလေးတွေထဲက အာကြီးဆိုတဲ့ ကလေးလေးကတော့ ဂေဟာကိုရောက်ရှိလာကတည်းက သူ့ရဲ့ဘဝအကြောင်းတွေကြောင့် ခိုင်နှင်းဝေရော ပရိသတ်တွေကပါ သနားချစ်နဲ့ အချစ်ပိုနေရတဲ့ကလေးလေးဆိုရင်လည်းမမှားပါဘူး။

Photo Credit : Khine Hnin Wai's Facebook Acc

အသက်အရွယ်နဲ့မလိုက်ဖက်လောက်အောင် သိတတ်ပြီး လိမ္မာနေတဲ့ အာကြီးအတွက် မေမေ ခိုင်နှင်းဝေက အားကြီးအတွက် လိုအပ်တဲ့ခွဲစိတ်မှုတွေ ပြုလုပ်နိုင်အောင်လည်းပြင်ဆင်နေခဲ့ပြီး ဖြစ်ပါတယ်။

Photo Credit : Khine Hnin Wai's Facebook Acc
Photo Credit : Khine Hnin Wai's Facebook Acc
Photo Credit : Khine Hnin Wai's Facebook Acc
Photo Credit : Khine Hnin Wai's Facebook Acc

ခိုင်နှင်းဝေကတော့ သူ့ရဲ့သားတွေသမီးတွေကို ချစ်ကြတဲ့ ပရိသတ်တွေအတွက် သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ ကလေးတွေရဲ့ ပုံလေးတွေကို မျှဝေလေ့ရှိပါတယ်။ ဒီတစ်ခါမှာလည်း ခိုင်နှင်းဝေက သူမအရမ်းချစ်ရတဲ့ သားလေးတစ်ယောက်ဖြစ်တဲ့ "အာကြီး"က သူမရဲ့ ဂေဟာက ထိုင်ခုံမှာခိုင်ပြီး ဇိမ်ကျနေတဲ့ ပုံလေးကို မျှဝေပေးခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit : Khine Hnin Wai's Facebook Acc
Photo Credit : Khine Hnin Wai's Facebook Acc
Photo Credit : Khine Hnin Wai's Facebook Acc
Photo Credit : Khine Hnin Wai's Facebook Acc

အာကြီးတစ်ယောက် စတိုင်အပြည့်နဲ့ ထိုင်နေတာမို့ မေမေခိုင်နှင်းဝေက ချစ်စနိုးအနေနဲ့ “ဥက္ကဌ ဆရာကြီး” ဆိုပြီး နာမည်ပြောင်လေးပါ ပေးလိုက်တာပဲ ဖြစ်ပါတယ်။ ခိုင်နှင်းဝေကတော့ သူ့ရဲ့ကလေးတွေ သူ့ရဲ့ရဟိတအလုပ်တွေကို ဆက်လက်အမွေဆက်ခံမယ့် သားကောင်းရတနာ၊ သမီးကောင်း ရတနာလေးတွေ ဖြစ်ပါစေ လို့လည်း ပုံလေးတွေနဲ့အတူ ဆုတောင်းထားခဲ့ပါသေးတယ်။

Photo Credit : Khine Hnin Wai's Facebook Acc
Photo Credit : Khine Hnin Wai's Facebook Acc
Photo Credit : Khine Hnin Wai's Facebook Acc
Photo Credit : Khine Hnin Wai's Facebook Acc

Source : Khine Hnin Wai's Facebook Acc

Cherry Nwe Oo
Cherry

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T