သားယောကျာ်းလေးကို ပိုင်ဆိုင်တော့မှာဖြစ်တဲ့ မင်းသမီးချောလေး Park Shin Hye

//s9.kh1.co/ec/ecf139880d6d8c4a5f2c9d3d0f580c8c40491aea.jpg
အနုပညာရှင်များ

 ၂၉-ဇန်-၂၀၂၂ ၁pm · လွန်ခဲ့သော ၂ နှစ် က

Unnie က “Hello Baby Boy” ဆိုတဲ့ ‌ဂုဏ်ပြုဘောလုံးလေးကို ကိုင်ထားတာ

ပရိသတ်တွေရဲ့ အချစ်တော် မင်းသမီးလေး Park Shin Hye ကတော့ သူမချစ်သူ မင်းသား Choi Taejoon နဲ့ ၄ နှစ်တာ ချစ်သူသက်တမ်းကို ဖြတ်သန်းခဲ့ပြီး ဇန်နဝါရီလ ၂၂ ရက်နေ့မှာပဲ လက်ထပ်ပွဲလေးကို ကျင်းပခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit : Soompi
Photo Credit : Soompi
Photo Credit : Soompi
Photo Credit : Soompi

Park Shinhye ရဲ့ မင်္ဂလာပွဲနဲ့ ကိုယ်ဝန်အတွက် မင်းသမီး Uhm JiWon ရဲ့ vlog မှာ သူငယ်ချင်းတွေက ချီးကျူးအားပေးစကား ပြောခဲ့ကြတာပဲ ဖြစ်ပါတယ်။ မင်းသမီး Uhm JiWon က ပျော်ရွင်စရာတွေနဲ့ ရိုက်ကူးထားတဲ့ Vlog လေးကို မနေ့က ဇန်နဝါရီလ (၂၈) ရက် က မျှဝေခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit : K-drama WoW
Photo Credit : K-drama WoW
Photo Credit : K-drama WoW
Photo Credit : K-drama WoW

Vlog ထဲမှာတော့ မင်းသမီး Uhm JiWon တို့က သူငယ်ချင်းတွေနဲ့ စားသောက်ဆိုင်ကို သွားခဲ့ပြီး Park Shin Hye နဲ့ Choi Taejoon တို့က သူတို့ရဲ့ မင်္ဂလာဆောင် ဖိတ်စာလေးတွေနဲ့ ကိုယ်တိုင်ဖိတ်စာသွားပေးခဲ့တာ ဖြစ်ပါတယ်။

Photo Credit : Umtube
Photo Credit : Umtube
Photo Credit : Umtube
Photo Credit : Umtube
Photo Credit : Umtube
Photo Credit : Umtube

စားသောက်ဆိုင်မှာ စားလို့ပြီးချိန်မှာတော့ Uhm JiWon က Park Shin Hye အတွက် surprise ဂုဏ်ပြုပွဲလုပ်ပေးကြတာဖြစ်ပါတယ်။ Surprise ပွဲလေးမှာ Park Shin Hye က “Hello Baby Boy” ဆိုတဲ့ ‌ဂုဏ်ပြုဘောလုံးလေးကို ကိုင်ထားတာပဲဖြစ်ပါတယ်။ ဒါကြောင့် ပရိသတ်တွေအကုန်လုံးက Unnie ရဲ့ ကလေးလေးက သားယောကျာ်းလေး ဖြစ်နိုင်တယ်ဆိုပြီး ပြောနေကြတာ ဖြစ်ပါတယ်။ Congratulations ပါ ‌မေမေဖြစ်တော့မယ့် မင်းသမီးလေးရေ .....

Photo Credit : Umtube
Photo Credit : Umtube
Photo Credit : Umtube
Photo Credit : Umtube
Photo Credit : Soompi
Photo Credit : Soompi

Source: Umtube

Cherry Nwe Oo
Cherry

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T