ကလေးသရုပ်ဆောင်လေးအဖြစ်ကနေ လူချောလေးဖြစ်လာတဲ့ တောင်ကိုရီးယားသရုပ်ဆောင် Park Ji-bin

//s9.kh1.co/e3/e3f3b07beb98814baab8fff669ffc7eb0547e374.jpg
အနုပညာရှင်များ

 ၂၉-ဇန်-၂၀၂၂ ၂pm · လွန်ခဲ့သော ၂ နှစ် က

ကလေးသရုပ်ဆောင်လေးအဖြစ်ကနေ လူချောလေးဖြစ်လာတဲ့ တောင်ကိုရီးယားသရုပ်ဆောင် Park Ji-bin

Park Ji-bin ဟာဆိုရင်တောင်ကိုရီးယား သရုပ်ဆောင်တစ်ယောက်ဖြစ်ပြီး သူ့ရဲ့အသက်မွေးဝမ်းကြောင်းအလုပ်ကို ကလေးသရုပ်ဆောင်လေးအဖြစ်စတင်ခဲ့တဲ့သူဖြစ်ပါတယ်။ လူတော်တော်များများကလည်း Park Ji-bin ရဲ့ ရုပ်ကို ကလေးသရုပ်ဆောင်လေးအဖြစ်နဲ့ စပြီး မြင်ဖူးထားကြတာဖြစ်ပါတယ်။

Google
Google
Google
Google
Google
Google

Park Ji-bin ကလေးသရုပ်ဆောင်အဖြစ် စပြီးလူသိများလာတဲ့ ဇာတ်လမ်းတွေက Hello, Brother နဲ့ F4 ချစ်သူလို့ မြန်မာ ပရိသတ်တွေကြားမှာ လူသိများတဲ့ Boys over Flowers တို့ဖြစ်ပါတယ်။ Park Ji-bin ရဲ့ အသက်က ၂၇ နှစ်ရှိနေပြီဖြစ်ပေမယ့် သူ့ ကို ကလေးသရုပ်ဆောင်လေး အဖြစ်နဲ့ပဲ မြင်ဖူးထားတာကြောင့် အခုအချိန်အထိလည်း ကလေးလေးလို့ပဲမြင်နေကြပါတယ်။ Park Ji-bin ဟာ ၂၀၁၅ ခုနှစ်မေလမှာ စစ်မှုထမ်းဆောင်ဖို့ စာရင်းပါခဲ့ပြီး ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလမှာ စစ်မှုထမ်းကာလ ပြီးဆုံးခဲ့တာဖြစ်ပါတယ်။ ပရိသတ်တွေရဲ့ မျက်လုံးထဲမှာ ကလေးလေးလိုပဲ မြင်မိနေတဲ့ Park Ji-bin ဟာ စစ်မှုထမ်းကာလ ပြီးဆုံးလို့ လူကြီးလေးတောင် ဖြစ်လို့နေပါပြီ။

Google
Google
Google
Google

ပရိသတ်တွေအနေနဲ့ကတော့ Park Ji-bin ကို ကလေးလေးတစ်ယောက်လိုပဲမြင်နေပေမယ့် Park Ji-bin ရဲ့ ရင့်ကျက်လာမှုကိုတော့ ငြင်းလို့မရနိုင်ပါဘူး။

Google
Google
Google
Google

Park Ji-bin ရဲ့ ရည်မှန်းချက်ကတော့ လူကြီးသရုပ်ဆောင်တစ်ယောက်အဖြစ် လေးလေးနက်နက်သရုပ်ဆောင်ချက်တွေ လုပ်ဆောင်ချင်တာဖြစ်တယ်လို့သိရပါတယ်။ Park Ji-bin လူကြီးသရုပ်ဆောင်အဖြစ် နောက်ဆုံးသရုပ်ဆောင်ခဲ့တဲ့ ရုပ်ရှင်လေးက ၂၀၂၁ ခုနှစ်မှာ ထွက်ရှိထားတဲ့ Inspector Koo ဆိုတဲ့ဇာတ်လမ်းပဲဖြစ်ပါတယ်။နောက်ထပ်လည်း ဆက်လက်ပြီးတော့ ထွန်းတောက်လာမယ့် ကြယ်ပွင့်လေးတစ်ပွင့်ဖြစ်ဖို့ ဆုတောင်းပေးလိုက်ပါတယ်နော် ..Park Ji-bin ရေ…

Google
Google
Google
Google
Hsu Sandar Aung
Maria Emily Hsu

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T