ဆီးဂိမ်းအုပ်စုပွဲတွေရဲ့အကောင်းဆုံးတိုက်စစ်မှုးအဖြစ်

ရွေးချယ်ခံရတဲ့အောင်သူ

ဆီးဂိမ်းအုပ်စုပွဲစဉ်တွေကတော့ပြီးသွားပါပြီ။

ဆီမီးမှာဘယ်အသင်းတွေတွေ့ကြမလဲဆိုတာလည်း

အဖြူအမဲသဲကွဲသွားပြီဖြစ်ပါတယ်။ဆီမီးရောက်

အသင်းတွေကတော့မြန်မာ၊မလေး၊အင်ဒိုနဲ့ထိုင်း

တို့ဖြစ်ကြပါတယ်။နာမည်ကြီးဗီယက်နမ်ကတော့

အုပ်စုအဆင့်မှာအံ့အားသင့်ဖွယ်ပြုတ်ကျကျန်နေခဲ့ပါတယ်။

ဆီးဂိမ်းအုပ်စုပွဲစဉ်တွေမှာအသင်းတိုင်းပြိုင်ဆိုင်မှု

ပြင်းထန်ခဲ့ပြီးကစားတွေကလည်းသူ့ထက်သူခြေစွမ်းပြခဲ့ကြပါတယ်။

အဲ့ဒီကစားသမားတွေထဲမှာမှစွမ်းဆောင်ရည်အကောင်း

ဆုံးလို့သတ်မှတ်လို့ရတဲ့ကစားသမားဆယ့်တစ်ယောက်ကို

Fox Sportsက ရွေးချယ်ပေးခဲ့ပါတယ်။

4-5-1ပုံစံကစားကွက်နဲ့ရွေးချယ်ပေးခဲ့ပြီး

တိုက်စစ်မှူးနေရာမှာတော့မြန်မာအသင်းရဲ့

နာမည်ကျော်တိုက်စစ်မှူးအောင်သူကိုရွေးချယ်ခဲ့ပါတယ်။

ကွင်းလယ်လူတွေကတော့ထိုင်းကစားသမားနော့ဖွန်း၊

ဗီယက်နမ်ကစားသမားကောင်ဖောင်၊မလေးကွင်းလယ်လူ

ဆာဖာဝီ၊အင်ဒိုကစားသမားနှစ်ယောက်ဖြစ်တဲ့

မိုဟာမက်နဲ့မာလူနာကိုရွေးချယ်ပေးပါတယ်။

နောက်တန်းမှာတော့သြစတေးလျ-မလေးကပြားကစား

သမားမက်သရူး၊အင်ဒိုနောက်ခံလူယာမာနဲ့ဗီယက်နမ်ကစား

သမားနှစ်ယောက်ဖြစ်တဲ့ဗန်ဟိုင်းနဲ့ဘူတိုင်ဒန်းတို့ကိုရွေးချယ်ထားပါတယ်။

ဂိုးသမားနေရာမှာတော့ဖိလစ်ပိုင်ဂိုးသမား

Ray ကိုရွေးချယ်ထားခဲ့တာပဲဖြစ်ပါတယ်။

Source-Fox

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။