ယောက်ျားလေးအများစုက အသက်ကြီးလာတာနဲ့ အမျှ ထိပ်ပြောင်လာမယ်၊ ဗိုက်ပူလာမယ် စသည်ဖြင့် ဖြစ်လေ့ဖြစ်ထ ရှိတတ်ကြပါတယ်။ ဒီလိုဗိုက်ပူလာတာတွေကြောင့် ကျန်းမာရေးကိုလည်း အနှောင့်အယှက် ဖြစ်စေနိုင်ပါတယ်။ ဆီးချိုရောဂါ၊ နှလုံးရောဂါ၊ သွေးတိုးရောဂါတွေ ဖြစ်စေနိုင်တဲ့အပြင် လေဖြတ်ခြင်းကိုပါ ဖြစ်ပေါ်စေနိုင်ပါတယ်။

အမျိုးသားတွေက အမျိုးသမီးတွေထက် ဗိုက်အဆီစုဆောင်းမှု ပိုများပါတယ်။ ဆယ်ကျော်သက် အရွယ်နဲ့ ဆယ်ကျော်သက်နောက်ပိုင်းကာလမှာကတည်းက အမျိုးသား အများစုက ဗိုက်အဆီကို စတင် စုဆောင်းတတ်ကြပါတယ်။ ဒါ့ကြောင့်လည်း အမျိုးသားတွေက အမျိုးသမီးတွေထက် နှလုံးသွေးကြောကျဉ်းရောဂါကို ပိုပြီး ဖြစ်နို်င်ခြေရှိတယ်လို့ ဆိုကြပါတယ်။ ထို့ပြင် အမျိုးသားတွေ ဗိုက်ပူခြင်းကြောင့် ပန်းသေပန်းညှိုးရောဂါလည်း ဖြစ်နိုင်ခြေ ပိုများပါတယ်။

ဗိုက်ပူခြင်းနှင့် ဒီရောဂါတွေက ဘယ်လို ဆက်စပ်နေလဲ ???

ဗိုက်အဆီများတာက သွေးကြောကျဉ်းစေတဲ့ အန်ဂျီအိုတန်စင် ဟော်မုန်း အပြောင်းအလဲကို ဖြစ်စေတာကြောင့် သွေးတိုးခြင်း၊ လေဖြတ်ခြင်းနှင့် နှလုံးရောဂါ ဖြစ်နိုင်ခြေတို့ကို ပိုပြီးမြင့်တက်စေပါတယ်။ ဗိုက်အဆီဟာ သွေးတွင်း သကြားဓာတ်များပြီး သွေးတိုးခြင်း၊ သွေးတွင်း ထရိုင်ဂလစ်စရိုက် အဆီးများခြင်းတို့နှင့် ဆက်စပ်ပြီး ကောင်းမွန်တဲ့ ကိုလက်စထရောကို လျော့ကျစေနိုင်တာကြောင့် နှလုံးရောဂါကို အလွယ်တကူဖြစ်စေနိုင်ပါတယ်။

ဗိုက်ပူခြင်းကို လျော့ချနိုင်ရန် ဘာတွေ လုပ်ရမလဲ ????

ဗိုက်ပူတာသာ လျော့ကျသွားမယ်ဆိုရင် နှလုံးရောဂါ၊ ကင်ဆာနဲ့ တခြားရောဂါ ဝေဒနာတွေရဲ့ ဖြစ်နှုန်းကို လည်း လျော့ချစေနိုင်မှာဖြစ်ပါတယ်။ ဗိုက်သား ချပ်ရပ်တာကြောင့် စမတ်ကျတဲ့ ခန္ဓာကိုယ် ကို ပိုင်ဆိုင်နိုင်ပြီး ကြည့်ကောင်းနေမှာလည်း ဖြစ်ပါတယ်။

(၁) အစာစားပြီးရင် လမ်းလျှောက်ပါ။

အစာ စားပြီးရင် ချက်ချင်း မထိုင်ဘဲလမ်းလျှောက်ပါ။ မိနစ် ၂၀ ကြာမှ ထိုင်ခြင်းက ပိုပြီးသင့်တော်ပါတယ်။ တစ်နေ့ကိုလည်း အနည်းဆုံး ၁ နာရီ လမ်းလျှောက်ပေးပါ။ လမ်းလျှောက်ခြင်းက အကောင်းဆုံးနဲ့ အလွယ်ဆုံး လေ့ကျင့်ခန်း တစ်ခုဖြစ်ပါတယ်။

(၂) လေ့ကျင့်ခန်း ပုံမှန်လုပ်ပါ။

လေ့ကျင့်ခန်း လုပ်ခြင်းကလည်း ဗိုက်အဆီတွေကို သိသိသာသာ လျော့ကျစေနိုင်ပါတယ်။ ခါးလှည့်ကွင်းလှည့်ခြင်း၊ ဗိုက်လှုပ်ပြီး ကခုန်ခြင်း၊ အိပ်ထ မတင် လုပ်ခြင်း၊ ခါးလှည့်လေ့ကျင့်ခန်း လုပ်ခြင်း စသည်တို့ကို ပုံမှန် လုပ်ဆောင်ပေးသင့်ပါတယ်။

(၃) အဆီ အစိမ့်များသော အစားအသောက်ကို ရှောင်ပါ။

အဆီ၊ အစိမ့်များတဲ့ အစားအသောက်တွေကို လုံးဝ ရှောင်ကြဉ်သင့်ပါတယ်။ အချိုရည်၊ ဘီယာ၊ အရက် စတဲ့ ဗိုက်ပူစေတဲ့ အဖျော်ယမကာတွေကိုလည်း ရှောင်ကြဉ်ပါ။ ရေများများ သောက်ပါ။ သစ်သီးဖျော်ရည်တို့ကို မကြာခဏ သောက်ပေးပါ။

(၄) အဆီစုပ်သော ကုထုံးနည်းကို ခံယူပါ။

သက်ဆိုင်ရာ ဆရာဝန် (သို့မဟုတ်) ကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ပြီး အဆီစုပ်တဲ့ နည်းကို ကုသ ခံယူပါ။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။