အရှေ့တောင်အာရှရဲ့အပြင်းထန်ဆုံးဒါဘီ

အရှေ့တောင်အာရှရဲ့အပြင်းထန်ဆုံးပြိုင်ဘက်တွေ

ဖြစ်တဲ့မြန်မာနဲ့ထိုင်းတွေ့ကြလေပြီ။ထိုင်းကလက်ရှိချန်ပီယံအသင်းဖြစ်ပြီးမြန်မာတို့ဘက်

ကသမိုင်းတလျှောက်အကောင်းဆုံးမျိုးဆက်ကို

အခြေခံထားသောအသင်းတစ်တစ်သင်း။

ချန်ပီယံကာကွယ့်မည့်ထိုင်းအသင်းနဲ့

စိန်ခေါ်သူမြန်မာအသင်းပွဲကတော့လွတ်လှ။

အမှန်အတိုင်းဆိုရလျှင်ထိုင်းခြေစွမ်းက

အကောင်းကြီးမဟုတ်။ဒီတစ်ကြိမ်ကအကောင်းဆုံး

အနေအထားရနေတဲ့မြန်မာအသင်းထိုင်းကို

အနိုင်ယူနိုင်ရန်အကောင်းဆုံးအခွင့်အရေး

ဖြစ်ပါတယ်။တစ်ခုသတိထားရမှာက

တြိဂံပုံစံဘောလုံးပေးပို့မှုများပင်ဖြစ်ပါတယ်။ထိုင်းနည်းပြ

ဝိုရာဝတ်ဟာဘောလုံးကိုမျဉ်းဖြောင့်မပေးဘဲ

တြိဂံဆန်ဆန်ပေးစေကာထိုင်းအသင်းရဲ့

ရွေ ့ရှားမှုကိုဖန်တီးထားပါတယ်။

ပထမပိုင်းပြီးခါနီး၊ဒုတိယပိုင်းမိနစ်60ကျောိတို့တွင်

အသင်းTempo အတင်အချပြုလုပ်လေ့ရှိပါတယ်။

ထိုင်းအသင်းမှာအားသာချက်တွေရှိသလိုအားနည်း

ချက်တွေလည်းရှိပါတယ်။ထိုင်းဗဟိုနောက်ခံလူဝိုရာဝတ်နဲ့

ရှင်နာဖတ်ကနှေးတဲ့ကစားသမားတွေဖြစ်ပြီးအောင်သူ

ဟာထိုအားနည်းချက်ကိုအကောင်းဆုံးအသုံးချရပါမယ်။

အရေးကြီးဆုံးတစ်ချက်ကထိုင်းအသင်းPlay Maker

ဝိုရာဝတ်ကိုထိန်းချုပ်ခြင်းဖြစ်ပါတယ်။လှိုင်းဘိုဘို

အနေနဲ့ဒီပွဲမှာဒေါင်ဒေါင်မြည်Destroyerတစ်ယောက်အဖြစ်

ကစားရမှာဖြစ်ပြီးဝိုရာဝတ်ကိုချုပ်ဖို့အဓိကတာဝန်ယူသင့်ပါတယ်။ဒီပွဲမှာလှိုင်းဘိုဘိုခြေစွမ်းပြဖို့အရေးကြီးပါတယ်။

နောက်တန်းကစားသမားတွေအနေနဲ့ကတော့

ထိုင်းအသင်းရဲ့အားအကောင်းဆုံးတောင်ပံဖြစ်တဲ့

ဆာဆာလက်နဲ့ဆူရိယဘက်ခြမ်းကိုပိုပြီးဂရုစိုက်သင့်ပါတယ်။

အထူးသဖြင့်ဆာဆာလက်တောင်ပံမှာဆော့တဲ့နောက်ခံလူ

နန်းဝေမင်းပါ။သူအထူးဂရုစိုက်ဖို့လိုပါတယ်။

မြန်မာပရိသတ်ကြီးရဲ့အားပေးမှုနဲ့အတူ

မြန်မာဘောလုံးအသင်းမလေးရှားနိုင်ငံဆလာရန်းကွင်းကြီးထဲမှာအောင်သပြေပန်းတွေနဲ့အောင်စည်တော်ရွှမ်း

နိုင်ပါစေလို့ဆုတောင်းလိုက်ရပါတယ်။

Agu

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။