စပိန်မှာ တစ်ချိန်ကခြေစွမ်းပြဂိုးတွေသွင်းယူပေးတတ်တဲ့ ဒေးဗစ်ဗီလာကိုတော့ စပိန်အသင်းရဲ့ နည်းပြ က လက်ရွေးစင်အသင်းအတွက် ပြန်လည်ခေါ်ယူခဲ့ပြီလည်းဖြစ်ပါတယ်။ဒေးဗစ်ဗီလာအတွက်တော့ သုံးနှစ်လောက်ကြာမှ နောက်တစ်ကြိမ်လက်ရွေးစင်အသင်းအတွက် အခွင့်ရေးရရှိခဲ့တာလည်းဖြစ်ပါတယ်။ဒေးဗစ်ဗီလာဟာ လက်ရှိမှာမေဂျာလိဂ်ကလပ် နယူးယော့စီးတီးမှာကစားနေတာလည်းဖြစ်ပါတယ်။နယူးယောက်စီးတီးအသင်းမှာ ၂၉ ပွဲကစားထားလျက်ရှိပြီး ၁၉ ဂိုးသွင်းယူကာ ၅ ဂိုးဖန်တီးထားနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

လက်ရှိမှာနယူယောက်စီးတီးအသင်းဟာ အဆင့် ၂ နေရာမှာရပ်တည်နေတာလည်းဖြစ်ပါတယ်။စပိန်အသင်းရဲ့နည်းပြကတော့ လက်ရှိမှာ ဒေးဗစ်ဗီလာရဲ့ခြေစွမ်းကို ကြိုက်နှစ်သက်နေတာကြောင့် အသင်းမှာ လာရောက်ပူပေါင်းဖို့ ခုလိုရွေးချယ်ခဲ့တာလည်းဖြစ်ပါတယ်။တစ်ချိန်ကစပိန်အသင်းရဲ့တိုက်စစ်မှူးတွေဖြစ်ကြတဲ့ ဒေးဗစ်ဗီလာ၊ ဖာနန်ဒိုတောရက် ၊ဆိုဒါဒိုတို့ရဲ့ တိုက်စစ်အတွဲနဲ့ အကောင်းဆုံးပြိုင်ဘက်တွေကိုကျော်ဖြတ်ခဲ့ပြီး ကမ္ဘာ့ဖလားကိုဆွတ်ခူးနိုင်ခဲ့ပါတယ်။

စပိန်အသင်းဟာလက်ရှိမှာ တိုက်စစ်မှူးတွေဖြစ်ကြတဲ့ ဒီယေဂိုကော်စတာ၊မိုရာတာ တို့ကိုလည်းရွေးချယ်ထားခဲ့တာဖြစ်ပါတယ်။ဒေးဗစ်ဗီလာ ဟာ စပိန်ထိပ်သီးကလပ်တွေဖြစ်ကြတဲ့ ဘာစီလိုနာ၊ အက်သလက်တီကို၊ဗလင်စီယာ၊ ဗီလာရီးရဲလ်အသင်းတို့မှာ ကစားခဲ့တာလည်းဖြစ်ပါတယ်။လက်ရှိမှာအသက် ၃၅ နှစ်ရှိပြီဖြစ်တဲ့ ဝါရင့်တိုက်စစ်မှုး ဒေးဗစ်ဗီလာကတော့ သူရဲ့အတွေ့အကြုံတွေနဲ့ စပိန်အသင်းကို နောက်တစ်ကြိမ် အောင်မြင်မှုရအောင် ပြန်လည်စွမ်းဆောင်နိုင်မလားဆိုတာတော့ စောင့်ကြည့်ဖို့ကောင်းနေပြီဗျာ

Source - Football Transfer News

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။