လေးဖက်နာနှင့် ဂေါက်ရောဂါသမားများအတွက် ရှောင်ကြဉ်သင့်တဲ့ အစာများမှာ (အထူးသဖြင့် ခြေလေးချောင်းနှင့် ခြေနှစ်ချောင်းရှိ) သတ္တဝါများမှရသော အသား၊ ၀မ်းတွင်းကလီစာများနှင့် ဥမှရသော အစားအသောက်များ ဖြစ်ပါသည်။ ဂေါက်ရောဂါ၊ ဒူလာရောဂါများမှာ ၀မ်းတွင်းသား၊ အသဲအမြစ် ကလီစာများနှင့် မတည့်သည့်အတွက် စားသုံးရန် မသင့်တော်ပါ။ ထိုအစာများကို စားသုံးခြင်းဖြင့် ခြေမဆစ်၊ ဒူးဆစ်ကြီးများ ရောင်လာလေ့ရှိသည်။

ငါးများစားသုံးရာတွင်လည်း အချို့ငါးများတွင် မွေးမြူရေးအစာကျွေးရာ၌ ဓာတုဗေဒ ပစ္စည်းများ ပါ၀င်နေတတ်ပါသည်။ ထို့ပြင် ငါးအတွက် အစာစပ်ရာတွင်လည်း ငါး အသားတိုးဆေး၊ ရောဂါကာကွယ်ဆေးများ ထည့်ကျွေးသဖြင့် ယင်းဆေးများကြောင့် စားသုံးသူများကို အဆစ်အမျက်ရောင် ကိုက်သောရောဂါများ ဖြစ်စေတတ်ပါသည်။

သဘာဝခြံထွက်၊ တောထွက် အသီးအနှံများသည် အရွယ်အစား သေးသော်လည်း ဓာတုဗေဒ ကင်းစင်သောကြောင့် စားသုံးရန် သင့်တောပေသည်။ သတ်သတ်လွတ် စားသုံးခြင်းဖြင့် အဆစ်အမြစ် ရောင်သော ရောဂါအား ပျောက်ကင်းသက်သာ နိုင်ပေသည်။ သို့သော် သတ်သတ်လွတ် အစာတွင်လည်း အစေ့မှ အပင်၊ အညှောင့်ထွက်လာသော အစာ (ဥပမာ - ပဲပင်ပေါက်၊ ပဲတီချဉ်) စသည်တို့သည် အဆစ်အမြစ် ရောဂါနှင့် မတည့်ပါ။ အစေ့များစွာပါ၀င်သော အသီးများ (ဥပမာ - ခရမ်းချဉ်သီး) ကိုလည်း ရှောင်ကြဉ်သင့်ပါသည်။

ရေနွေးကြမ်း၊ ရေကျက်အေး သောက်ခြင်းသည်လည်း လေးဖက်နာ၊ အဆစ်အမြစ်ရောဂါ၊ နှလုံးသွေးကြောကျဉ်းရောဂါများကိုလည်း သက်သာ ပျောက်ကင်းစေပါသည်။ ရေခဲရေ သည် ကျန်းမာရေးအတွက် ဆိုးကျိုးများစွာ ရှိသောကြောင့် ရေခဲရေကိုလည်း ရှောင်သင့်ပါသည်။

သတ်သတ်လွတ်စားသုံးရာတွင် ပဲမျိုးစုံစားခြင်းဖြင့်လည်း အသားဓာတ် ရရှိနိုင်ပါသည်။ သို့သော် အဆစ်အမြစ်ရောင် သမားများအနေဖြင့် ကုလားပဲကို မကြာခဏ စားသုံးရန် မသင့်တော်ပါ။ ပဲအမျိုးမျိုးနှင့် ပဲပြားကိုလည်း စားသုံးနိုင်ပါသည်။ ပဲပင်ပေါက်ကိုလည်း ရှောင်ကြဉ်သင့်ပြီး မုန်ညင်းရွက်၊ ကိုက်လန်ရွက် နှင့် အသားဓာတ်ပါသော အရွက်အချို့သည် အစားများလျှင် ဗိုက်ပွ၊ လေအောင့်တတ်သဖြင့် ထိုအရွက်များကို မကြာခဏ စားသုံးခြင်းကိုလည်း ဆင်ခြင်နိုင်ရန်အတွက် အကြံပေး တိုက်တွန်းချင်ပါသည်။  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။