ပရီးမီးယားလိဂ်ပွဲစဉ်တွေဟာ ၃ ပွဲမြောက်ရောက်လာခဲ့ပြီလည်းဖြစ်ပါတယ်။စနေနေ့ ညနေမှာအစောဆုံးကန်သွားတဲ့ ဘုန်းမောက်အသင်းနဲ့ မန်စီးတီးအသင်းတို့ရဲ့ ပွဲဟာ အိမ်ရှင်ရဲ့ရုန်းအားနဲ့ ပွဲကောင်းတစ်ပွဲဖြစ်လာခဲ့ပါတယ်။မန်စီးတီးအသင်းဟာ နောက်ဆုံးအချိန်ပိုမိနစ်မှာ အနိုင်ဂိုးသွင်းယူခဲ့တာကြောင့် ဘုန်းမောက်အသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး အဝေးကွင်မှာအနိုင်သုံးမှတ်ရယူနိုင်ခဲ့ပါတယ်

ဘုန်းမောက်အသင်းဟာ မန်စီးတီးအသင်းဆီက အမှတ်ယူဖို့ နောက်တန်း ငါးယောက်အထိထားကစားခဲ့တာလည်းဖြစ်ပါတယ်။ရှေ့တန်းမှာ ဂျိုရှူအာ ကင်း ၊ ဒီဖိုးတို့ကို ထည့်သွင်းကန်ခဲ့ပြီး ပွဲထွက်ခဲ့တာလည်းဖြစ်ပါတယ်။မန်စီးတီးအသင်းကတော့ ဂါဘရီ ဂျီးဆပ်၊ စတာလင်း ၊ဘာနန်ဒိုဆေးလ်ဗားတို့ကို တိုက်စစ်မှာပွဲထုတ်ခဲ့ပြီး အလယ်တန်းမှာတော့ ဒေးဗစ်ဆေးဗား၊ဖာနန်ဒင်ဟို၊ဒီဘရူနီတို့ကို ပွဲထုတ်ခဲ့တာလည်းဖြစ်ပါတယ်။

ပထမပိုင်း ၁၃ မိနစ်မှာပဲ အိမ်ရှင်အတွက် အဖွင့်ဂိုးကိုတော့ ဒန်နီရယ်က သွင်းယူပေးခဲ့တာလည်းဖြစ်ပါတယ်။မန်စီးတီးအသင်းအတွက် ချေပဂိုးကို ပထမပိုင်း ၂၁ မှာပဲ ဂျီဆပ် က ပြန်လည်သွင်းယူပေးခဲ့တာလည်းဖြစ်ပါတယ်။မန်စီတီးအသင်းဟာ ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ ဖိအားပေးပြီး နှစ်ဖက်ကစားသမားတွေရဲ့ ကြမ်းတမ်းမှုကြောင့် အဝါကတ် ၁၀ ထိထုတ်ပြခံခဲ့ရပါတယ်။နောက်ဆုံးမိနစ်အချိန်ပိုမှာတော့ စတာလင်ကသွင်းယူပေးခဲ့ပြီး အနိုင်သုံးမှတ်ရယူပေးခဲ့တာလည်းဖြစ်ပါတယ်။ဒီပွဲမှာစတာလင်းကနှစ်ဝါတစ်နီနဲ့ ထုတ်ပယ်ခံခဲ့ရပါတယ်

Source - Man city

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။