မငိုပါနဲ့တော့အောင်သူရယ်


မြန်မာအသင်းရှုံးနိမ့်မှုဟာ မြန်မာပြည်တစ်ပြည်လုံးကို

ဝမ်းနည်းပူဆွေးစေခဲ့ပါတယ်။မြန်မာပြည်သူ

အတွက်ရွှေယူပေးမယ်ဟေ့ဆိုပြီးကျားကုတ်ကျားခဲ

ကြိုးစားခဲ့ပေမယ့်ချန်းရော့ရဲ့အသဲခွဲဂိုးတစ်ဂိုးနဲ့

မြန်မာအသင်းသားတွေShockရသွားခဲ့ရပါတယ်။


တစ်တိုင်းပြည်လုံးပူဆွေးခဲ့ရသလိုကစားသမားတွေ

အားလုံးလည်းငိုကြွေးခဲ့ရပါတယ်။အောင်သူ၊

သန်းပိုင်၊မောင်မောင်လွင်တို့ရဲ့ဆလာယမ်းကွင်း

မှမျက်ရည်စက်များ။အောင်သူဆိုရင်

ကွင်းထဲတွင်ရှိုက်ကြီးတငင်ငိုကြွေးခဲ့ရှာပါတယ်။

အခုအထိလည်းဝမ်းနည်းမှုများကား

မရပ်တန့်သွားသေး။သနားစရာ

အောင့်သူလေးကဆိုးဝါးလှတဲ့ ကံကိုယိုးမယ်ဖွဲ့ရှာသည်။


အောင်သူဘယ်လိုပြောထားလဲဆိုတော့

"ကြိုးစားခဲ့သမျှအရာမထင်သဲထဲရေသွန်ဖြစ်ခဲ့ရပြီ..........

ကံတရားကြီးရယ်မင်းငါ့ကိုအမြဲတမ်းငိုနေတာကိုမြင်ချင်တာလားငါမင်းပျော်အောင်ငိုပေးပါမယ်ကွာပြီရင်တော့ငါပျော်ချင်တယ်ကွာငါတို့ပျော်ရင်ငါ့တို့နောက်မှာထပ်တူပျော်ရမဲ့သူတွေအများကြီးပဲကွငါငိုမယ်မင်းကျေနပ်ထိငါငိုမယ် pls တကြိမ်လောက်ဖြစ်ဖြစ်ငါတို့နဲ့ငါတို့လိုပဲထပ်တူပျော်ရမဲ့သူတွေကိုပျော်ခွင့်ပေးပါ  pls ကျေးဇူးပြုပြီတော့ ခုမင်းပျော်နေမှာပါကွာ ငါလည်းဒီစာကိုရေးနေတဲ့အချိန် မျက်ရည်ကျရင်ကျနေမှာပါ ........."တဲ့။

အောင်သူရေ မငိုပါနဲ့တော့ကွာ။

မျက်ရည်တွေသုတ်ပြီး နောက်တစ်ကြိမ်

ထပ်ကြိုးစားကြရအောင်ပါ။

            

Agu

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။