ရွှေမြန်မာတို့အတွက်ခုနှစ်ခုမြောက်ရွှေ

ုမြန်မာနိုင်ငံအတွက်ခုနှစ်ခုမြောက်ရွှေကို

ပိုက်ကျော်ခြင်းနှစ်ယောက်တွဲပြိုင်ပွဲကနေ

ရယူပေးခဲ့ပါပြီ၊၊ရွှေဆုနဲ့အကြိမ်ကြိမ်

လွဲနေရတဲ့မြန်မာ့ပိုက်ကျော်ခြင်းအမျိုးသား

အသင်းဒီတစ်ခါတော့ကမ္ဘောဒီးယားကို

အနိုင်ကစားပြီးမြန်မာပြည်အတွက်ရွှေတံဆိပ်

ရယူပေးနိုင်ခဲ့ပါပြီ။မြန်မာ့လက်ရွေးစင်

အမျိုးသမီးပိုက်ကျော်ခြင်းအဖွဲ့ကတော့

လေးယောက်တွဲပြိုင်ပွဲမှာရွှေရယူပေးသွား

ခဲ့ပါပြီ။

အောင်မျိုးဆွေ၊ဘောစိ၊ဇော်ဇော်အောင်တို့

ပါဝင်တဲ့နှစ်ယောက်တွဲပြိုင်ပွဲမှာ

ဗွေဆော်ဦးအနေနဲ့အောင်မျိုးဆွေနဲ့ဘောစိ

ကိုပွဲထုတ်ခဲ့ပါတယ်။ကမ္ဘောဒီးယား

ပိုက်ကျော်ခြင်းအသင်းဟာအောင်မျိုးဆွေရဲ့

ပြင်းထန်အားပါဆာဗင်တွေကိုထိန်းချုပ်ဖို့

အခက်အခဲတွေ့ခဲ့ရပါတယ်။

ဘောစိရဲ့ခရိုအရှည်ရိုက်ချက်တွေကိုလည်း

ကမ္ဘောဒီးယားနောက်ထိန်းကာကွယ်နိုင်

ခဲ့ခြင်းမရှိပါဘူး။

မြန်မာအသင်းဟာသာသာယာယာပဲပထမပွဲကို

ထိန်းကစားသွားပြီးဘောစိနေရာမှာဇော်ဇော်အောင်ကို

ထည့်သွင်းအသုံးပြုခဲ့ပြီးပထမပွဲရောဒုတိယပွဲပါ

အမှတ်ပြတ်နဲ့နှစ်ပွဲပြတ်အနိုင်ရရှိသွားခဲ့တာပါ။

ဘောစိနေရာမှာဝင်လာတဲ့ဝါရင့်ကစား

သမားဇော်ဇော်အောင်ကတော့သမ္ဘာနဲ့ထိန်း

ဆော့သွားပြီးခရိုအတိုရိုက်ချက်တွေနဲ့ပွဲကို

လှလှပပပဲအဆုံးသတ်ပေးသွားခဲ့ပါတယ်။

Agu

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။