သြဂုတ်လ ၂၇ရက်က အိန္ဒိယနိုင်ငံ အနောက်ပိုင်း Gujarat ပြည်နယ်မှာကားနှစ်စီးတိုက်ခဲ့မှုဖြစ်ပွားခဲ့တာလည်းဖြစ်ပါတယ်။ထိုကားတိုက်မှုဟာ  ကုန်တင်ကားတစ်စီး နှင့် ဂျစ်ကားတစ်စီး တိုက်မိခဲ့တာဖြစ်ပြီး  အနည်းဆုံး လူ ၁၁ဦးသေဆုံးကြောင်း ပြည်တွင်းသတင်းဋ္ဌာနတစ်ခု ကဖော်ပြခဲ့ပါတယ်။ပြင်းထန်တဲ့ တိုက်မိမှုကြောင့် လူ၁၁ ဦးဟာ နေရာတွင်မှာပဲ သေဆုံးခဲ့တာဖြစ်ပါတယ်။ကုန်တင်ကားပေါ်ကလိုက်ပါလာတဲ့ လူ ၁၀ ယောက်သေဆုံးခဲ့တာဖြစ်ပြီး ဂျစ်ကားမှာပါတဲ့ လူတစ်ယောက် လည်းသေဆုံးခဲ့ရတာဖြစ်ပါတယ်။

ယာဉ်တိုက်မှုဟာ Gujarat ပြည်နယ်မြို့တော် Gandhinagar မြို့ တောင်ဘက် ၃၆၄ကီလိုမီတာ အကွာ Botad ခရိုင် ရှိ Dhundhak Barwala လမ်းမပေါ်တွင် ဖြစ်ပွားခဲ့တာလည်းဖြစ်ပါတယ်။ ကုန်တင်ကားတစ်စီး နှင့် ဂျစ်ကားတစ်စီး တိုက်မိ၍ အခင်းဖြစ်ပွားရာ၌ပင် လူ ၁၁ဦးသေဆုံးခဲ့သည်အပြင် လူ တစ်ဦး ဒဏ်ရာရရှိခဲ့တာလည်းဖြစ်ပါတယ်။ထိုလူနာကို နီးစပ်ရာ ဆေးရုံသို့ပို့ဆောင်ပေးထားကြောင်း ရဲအရာရှိတစ်ဦးကပြည်တွင်းသတင်းဋ္ဌာနတစ်ခုကပြောကြားခဲ့တာလည်းဖြစ်ပါတယ်။သေဆုံးသူများမှာ အမျိုးသား ၆ဦး နှင့် အမျိုးသမီး ၅ဦးဖြစ်ကြောင်း သိရသည်။

မျက်မြင်သေသက်တွေရဲ့ ပြောကြားချက်အရ ဂျစ်ကားဟာ အရှိန်မထိန်းနိုင်တော့ ပဲ တစ်ဖက်လမ်းကို ရောက်ရှိခဲ့တာကြောင့် မျက်နာချင်းဆိုင်မောင်းနှင်းလာသောကုန်ကားနဲ့ တိုက်မိခဲ့တာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။အိန္ဒိယနိုင်ငံ တွင် ဝန်ပိုတင်ဆောင်ခြင်း၊ မော်တော်ယာဉ်လမ်းများ ပျက်စီးယိုယွင်းနေခြင်း နှင့် မဆင်မခြင်မောင်းနှင်မှုများကြောင့် လူသေဆုံးစေသည့် ယာဉ်မတော်တဆမှုများ မကြာခဏဖြစ်ပွားလေ့ရှိကြောင်းကိုလည်း သိရပါတယ်။

Source - China Xinhua News

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။