စီးရီးအေပွဲစဉ် ၂ အဖြစ် ရိုးမားအသင်းနဲ့ အင်တာမီလန်အသင်းတို့ဟာ ရင်ဆိုင်ကစားခဲ့ပြီး ပွဲကောင်းတစ်ပွဲဖြစ်ခဲ့တာလည်းဖြစ်ပါတယ်။ရိုမားအသင်းဟာအိမ်ကွင်းမှာ အင်တာမီလန်အသင်းကို ၃ ဂိုး ၁ ဂိုးနဲ့ရှုံးနိမ့်ခဲ့တာလည်းဖြစ်ပါတယ်။အင်တာမီလန်အသင်းဟာ ရိုးမားအသင်းကိုနိုင်ခဲ့တာကြောင့် စီးရီးအေ အဖွင့်ပွဲ ၂ ပွဲဆက်အနိုင်ရခဲ့တာဖြစ်ပြီး အဆင့် ၁ နေရာမှာရပ်တည်နေတာလည်းဖြစ်ပါတယ်။အင်တာမီလန်အသင်းနည်းပြစပယ်လယ်တီကတော့ အသင်းဟောင်းကို အနိုင်ရရှိခဲ့တာလည်းဖြစ်ပါတယ်

ရိုးမားအသင်းဟာ သူတို့ရဲ့တောင့်တင်းတဲ့ လူစာရင်းဖြစ်တဲ့ ဒီဇီကို၊ နိုင်ဂိုလန်၊ ပီရော့တီ၊ စထရူးမန်း၊ဒီရော့ဆီ တို့ကို အသုံးပြုခဲ့ပြီး ပွဲထွက်ခဲ့တာလည်းဖြစ်ပါတယ်။အင်တာမီလန်အသင်းကတော့ သူတို့ရဲ့ လူစာရင်းဖြစ်တဲ့ အီကာဒီ၊ ပါရီဆစ်၊ဗာလီရို ၊ကမ်ဒရီဘာတို့ကို အသုံးပြုပြီး ပွဲထုတ်ခဲ့တာလည်းဖြစ်ပါတယ်။ရိုးမားအသင်းဟာ ပထမပိုင်း ၁၅ မိနစ်မှာပဲ အဖွင့်ဂိုးရရှိခဲ့တာဖြစ်ပါတယ်။ထိုဂိုးကိုတော့ တိုက်စစ်မှုး ဒီဇီကိုက သွင်းယူပေခဲ့တာလည်းဖြစ်ပါတယ်။အင်တာမီလန်အသင်းရဲ့ အနိုင်ဂိုးနဲ့ချေပဂိုးတွေကို ဒုတိယပိုင်းမှာသွင်းယူခဲ့တာလည်းဖြစ်ပါတယ်။

၆၇ မိနစ်နဲ့ ၇၇ မိနစ်တို့မှာ အင်တာမီလန်တိုက်စစ်မှူး အီကာဒီက ချေပဂိုး နဲ့ အနိုင်ဂိုးကို သွင်းယူပေးခဲ့တာဖြစ်ပါတယ်။အင်တာမီလန်အသင်းအတွက်အနိုင်သေချာမဲ့ဂိုးကိုတော့ ၈၇ မိနစ်မှာ ဗီစီနိုက သွင်းယူပေးခဲ့တာလည်းဖြစ်ပါတယ်။အင်တာမီလန်အသင်း နှစ်ပွဲဆက်အနိုင်ကြောင့် ဂျူဗင်တပ်အသင်းနဲ့ရလဒ်တူကာ ဂိုးကွားချက်ကြောင့် အဆင့် ၁ နေရာမှာ ဆက်လက်ရှိနေခဲ့တာဖြစ်ပါတယ်။ဒီပွဲရဲ့ Man of the Match ဆုကိုတော့ အီကာဒီက ရရှိခဲ့တာလည်းဖြစ်ပါတယ်။

SOURCE - Seria A

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။