တနင်္ဂနွေညမှာတော့ အင်္ဂလန်ပရီးမီးယားလိဂ်ပွဲစဉ် ၃ အဖြစ် အဲဗာတန်နှင့်ချယ်ဆီးတို့ ကစားခဲ့ကြပါတယ်။ ချယ်ဆီးတို့အနေနှင့် ဧည့်သည် အဲဗာတန်ကို အိမ်ကွင်း စတမ်းဖို့ဘရစ်မှာ ကစားခဲ့တာပါ။ နှစ်ဘက်စလုံးက အကောင်းဆုံး လူစာရင်းနှင့် ပွဲထွက်လာကြပါတယ်။ ချယ်ဆီးအသင်းအနေနှင့် မိုရာတာကအထောင်ထားကာ ထွက်လာပြီး အဲဗာတန်ကလည်း ရွန်းနီ ဆီဂတ်ဆန်တို့နှင့်ထွက်လာပါတယ်။

ပွဲစတယ်ဆိုတာနှင် အဲဗာတန်နှင့်ချယ်ဆီးတို့် အပြိုင်ကစားလာကြပါတယ်။ အဲဗာတန်အသင်း အနေနှင့် ရှိန်မနေဘဲ ချယ်ဆီးကိုယှဉ်ကစားပါတယ်။ သို့်သော် ဦးဆောင်ဂိုးကို ရရှိခဲ့တာက ချယ်ဆီးအသင်းဖြစ်ပါတယ်။ ဒီဂိုးကို ချယ်ဆီးကွင်းလယ်လူ ဖာဘရီဂတ်က ပွဲချိန် ၂၇ မိနစ်မှာ မိုရာတာရဲ့ပေးပို့မှုကနေ သွင်းယူခဲ့တာပါ။

ပထမပိုင်းမပြီးဆုံးခင်မှာပဲ အိမ်ရှင်ချယ်ဆီးတို့် ထပ်မံဦးဆောင်ဂိုးရရှိခဲ့ပါတယ်။ အဆိုပါဂိုးကိုတော့ ချယ်ဆီးတိုက်စစ်မှူး မိုရာတာက ပွဲကစားချိန် မိနစ် ၄၀ မှာသွင်းယူခဲ့တာပါ။ ဒုတိယပိုင်းမှာတော့ ချယ်ဆီးက လူစားလဲမှုတွေ လုပ်ကာ ပွဲရလဒ်ကိုထိန်းချုပ်သွားခဲ့ပါတယ်။ ဒါကြောင့် ပွဲပြီးဆုံးချိန်မှာတော့ လက်ရှိချန်ပီယံချယ်ဆီးက အဲဗာတန်ကို 2-0 ဂိုးရလဒ်ဖြင့်အနိုင်ယူကာ ၃မှတ်ရယူသွားပါတယ်။

Hein

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။