စီးရီးအေပွဲစဉ်၂ အဖြစ် အေစီမီလန်အသင်းဟာ အိမ်ကွင်းမှာ ကာဂလီယာရီ အသင်းကို လက်ခံကစားခဲ့ပြီး နာပိုလီအသင်းကလည်း အတ္တလန်နာအသင်းနဲ့ ကစားခဲ့တာဖြစ်ပါတယ်။အေစီမီလန်အသင်းဟာ ကယ်ဂလီယာရီအသင်းကို အိမ်ကွင်းမှာကျဉ်းမြောင်းတဲ့ရလဒ်ဖြစ်တဲ့ ၂ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တာလည်းဖြစ်ပါတယ်။နာပိုလီအသင်းက သူတို့အသင်းရဲ့ တိုက်စစ်ဟာအကောင်းဆုံးပုံစံမှာရှိနေခဲ့တာကြောင့် အတ္တလန်နာအသင်းကို ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တာလည်းဖြစ်ပါတယ်။နာပိုလီနဲ့အေစီမီလန်အသင်းတို့ရဲ့ စီးရီးအေ နှစ်ပွဲဆက်အနိုင်လည်းဖြစ်ပါတယ်

အေစီမီလန်အသင်းဟာ ဆူဆို ၊ကာတိုနီ၊ ဘိုရီနီတို့နဲ့ ပွဲထွက်ခဲ့တာလည်းဖြစ်ပါတယ်။ကယ်ဂလီယာရီအသင်းဟာ အေစီမီလန်အသင်းကို ရှိန်မနေပဲအကောင်းဆုံးပုံစံနဲ့ကစားသွားခဲ့တာလည်းဖြစ်ပါတယ်။ပထမပိုင်းစလို့ ၁၀ မိနစ်မှာပဲ ကာတိုနီကအေစီမီလန်အသင်းအတွက် အဖွင့်ဂိုးသွင်းယူပေးခဲ့တာဖြစ်ပါတယ်။ဒုတိယပိုင်းစလို့ ၅၆ မိနစ်မှာပဲ ကယ်ဂလီယာရီအသင်းအတွက်ချေပဂိုး ကို ပတ်ဒရိုက သွင်းယူပေးခဲ့တာလည်းဖြစ်ပါတယ်။အေစီမီလန်အသင်းအတွက်အနိုင်ဂိုးကို မိနစ် ၇၀မှာ ဆူဆိုကသွင်းယူပေးခဲ့တာဖြစ်ပါတယ်

နာပိုလီအသင်းဟာသူတို့အသင်းရဲ့တိုက်စစ်အတွဲဖြစ်တဲ့ ဒရိုင်းမာတင်၊ ကယ်လီဂျွန်၊ အစ်ဇဂနီ၊ဟန်ဆစ်တို့ကို ပွဲထုတ်ခဲ့တာလည်းဖြစ်ပါတယ်။အတ္တလန်နာအသင်းဟာ ပထမပိုင်း ၁၅ မိနစ်မှာတင် ဦးဆောင်ဂိုးရရှိခဲ့တာလည်းဖြစ်ပါတယ်။ပထမပိုင်းတစ်ပိုင်းလုံး ၁ ဂိုး ဝ ဂိုးဖြင့် ထိန်းထားခဲ့ပြီး ဒုတိယပိုင်းအရောက်မှာ နာပိုလီအသင်းရဲ့ ချေပဂိုးကို ၅၆ မိနစ်မှာ ခွင့်ပြုခဲ့ရတာလည်းဖြစ်ပါတယ်။၆၁ မိနစ်မှာ ဒရိုင်းမာတင်က နာပိုလီအသင်းအတွက် အနိုင်ဂိုးသွင်းယူပေးခဲ့ပါတယ်။၈၇ မိနစ်မှာ ရော့က နောက်ဆုံးဂိုးသွင်းယူခဲ့တာကြောင့် သုံးဂိုးတစ်ဂိုးနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်

Source - Seria A

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။