တနင်္ဂနွေနေ့က အင်္ဂလန် ပရီးမီးယားလိဂ်ပွဲစဉ်(၃)အဖြစ် လီဗာပူးနှင့် အာဆင်နယ်တို့ ကစားခဲ့ကြပါတယ်။ လီဗာပူးတို့၏အိမ်ကွင်းမှာ အာဆင်နယ်တို့ လာရောက် ယှဉ်ပြိုင်ကစားခဲ့တာပါ။ အာဆင်နယ်အသင်းအတွက် တိုက်စစ်မှူး ဆန်းချက်က ပြန်လည် ပါ၀င်ကစားလာခဲ့ပါတယ်။ အာဆင်နယ်အသင်း၏ တိုက်စစ်မှာ ၀ဲလ်ဘတ်က ဆန်းချက်နှင့်အတူပွဲထွက်လာတာပါ။  

လီဗာပူးအသင်းကတော့ ကော်တင်ဟို မပါ၀င်ခဲ့ပါဘူး။ သို့သော် ဖာမီနို၊ မာနေးနှင့် ဆာလာတို့ ပွဲထွက်လာတာကြောင့် တိုက်စစ်တောင့်တင်းခဲ့ပါတယ်။ ပွဲစတယ်ဆိုတာနှင့် လီဗာပူးအသင်းအနေနှင် ့တရစပ် တိုက်စစ်ဆင်လာခဲ့ပါတယ်။ ပွဲချိန် ၁၇မိနစ်မှာတော့ လီဗာပူးတို့ အဖွင့်ဂိုးရခဲ့ပြီး ဒီဂိုးကို ဖာမီနိုက သွင်းယူပေးခဲ့တာပါ။ လီဗာပူးကို ဂိုးပေးလိုက်ရတဲ့နောက်မှတော့ အာဆင်နယ်တို့ စိတ်ဓာတ်ကျဆင်းသွားပုံရပါတယ်။

ပွဲချိန် ၄၀မိနစ်မှာ တိုက်စစ်မှူး မာနေးက လီဗာပူးအတွက် ဂိုးထပ်မံသွင်းယူပေးခဲ့ပါတယ်။ ပွဲချိန် ၅၇မိနစ်မှာ ၁ာလာက ၃ဂိုးမြောက်ကို သွင်းယူပေးခဲ့ပါတယ်။ နောက်ဆုံးဂိုးကိုတော့ လူစားဝင်လာတဲ့ တိုက်စစ်မှူး စတာရစ်ချ်က သွင်းယူပေးခဲ့တာပါ။ ဒါကြောင့် အန်ဖီးကွင်းမှာ လီဗာပူးတို့ အာဆင်နယ်ကို ၄-၀ ဖြင့်အနိုင်ယူကာ ၃မှတ်ရယူခဲ့ပါတယ်။

Hein (Mg Lu Aye)

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။